လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နန့်ဖတ်ကာဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

299

 

အောက်တိုဘာ၊၂၇

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာက ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းမြောက်ဘက်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့က မနက် ၅ နာရီနဲ့ ၆ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၄ က နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးစထိမှန်လို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးသွားပြီး နောက်ထပ် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ဒဏ်ရာရတဲ့သူတွေကို မဖြတ်ခိုင်းလို့ ပြန်ခေါက်သွားပြီ။ ၂ ယောက်က သေပြီး ၅ ယောက်က ဒဏ်ရာရတယ်။” လို့ ဒေသခံက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ ဝမ်းဗိုက်၊ လက်၊ ကျောဘက်၊ ရင်ဘတ်၊ ပခုံးနဲ့ ခြေထောက်စတဲ့နေရာတွေမှာ ထိခိုက်သွားတာဖြစ်ပြီး နမ့်ဖတ်ကာကျေးရွာက စစ်ကောင်စီတပ်ဆေးရုံဘက်ကို ဆေးကုသဖို့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် ထပ်တိုးတစ်ယောက် သေဆုံးတယ်လို့လည်း ကြားနေရပေမဲ့ အတိအကျသိရှိရတာတော့ မရှိသေးပါဘူး။

လက်ရှိ အဲဒီဒေသဘက်က အခြေအနေတွေကြောင့် လမ်းကြောတွေလည်း ပိတ်ပင်ထားပြီး နမ့်ဖတ်ကာကျေးရွာကနေ ကွတ်ခိုင်မြို့ဘက်တောင် သွားလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဒီကနေ့မနက်ပိုင်းကစတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးအရ လက်ရှိ ရှမ်းမြောက်ဒေသမှာရှိတဲ့ နေရာတော်တော်များများမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးတွေကိုလည်း ညီနောင်မဟာမိတ်အဖွဲ့က ပိတ်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here