ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို KIA ပစ်ခတ်တိုက်ခိုက်ပြီး ဂိတ်ကို မီးရှို့

217

 

မေ၊၉

ဗလမင်းထင်တံတားတစ်ဖက်ကမ်း (မိုင်းနားဘက်အခြမ်း)က စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့ မွန်းလွဲ ၃နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့ပြီး ဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အင်အား ၁၀ ယောက်လောက်ရှိတဲ့ အထက်ပါ စုပေါင်းဂိတ်ကို KIA ကနေ သွားရောက်ပစ်ခတ်ခဲ့ပြီး စုပေါင်းဂိတ်အနီးက တဲတွေကိုတော့ မီးရှို့ဖျက်ဆီးပေးလိုက်ပြီလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

လမ်းမှာတော့ သုံးယောက် သေနေတယ်။ လူအင်အား ၁၀ ယောက်လောက်တော့ ရှိတယ်။ သူတို့ တဲတွေတော့ မီးစွဲနေပြီ။ အကုန်လုံးတော့ မရှို့နိုင်လိုက်ဘူးလို့ ဆိုပါတယ်။

အဲဒီလို ပစ်ခတ်သံတွေကြားရတဲ့အတွက် မြစ်ကြီးနားဘက်အခြမ်းက စစ်ကောင်စီရဲ့ ကင်းလှည့်ကားနှစ်စီး အင်အားဖြည့်ဖို့ သွားလိုက်ပြီလို့လည်း မြစ်ကြီးနားဒေသခံ ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီဘက် မြစ်ကြီးနားဘက်က အခြမ်းလည်း ကင်းလှည့်ကားနှစ်စီး အဲဒီဘက် သွားလိုက်ပြီလို့ ပြောပါတယ်။

မိုင်းနားစုပေါင်းဂိတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းကလည်း ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို အမည်မသိလက်နက်ကိုင်တချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here