မြို့တစ်ဖက်ကမ်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ကို စစ်ရှောင်သူများလာပြီး မြို့တွင်းမှာလည်း စစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာ

153
မြစ်ကြီးနားမြို့ဘက်ကို ဝိုင်းမော်ဒေသခံအချို့ တိမ်းရှောင််လာစဉ်။
ဓါတ်ပုံ- မြစ်ကြီးနားမြို့ဘက်ကို ဝိုင်းမော်ဒေသခံအချို့ တိမ်းရှောင််လာစဉ်။

 

မေ၊၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တိုက်ပွဲကြောင့် စစ်ရှောင်လာကြတဲ့ ပြည်သူတွေ အများအပြားရှိလာပြီး စစ်ကောင်စီတပ်ကလည်း မြို့တွင်းမှာ စစ်ဆေးဖမ်းဆီးမှုတွေ အရင်ကထက် ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကြောင့် နီးစပ်ရာစစ်ရှောင်စခန်းတွေနဲ့ မြစ်ကြီးနားမြို့ဘက်ကို စစ်ရှောင်လာကြတာလို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်ဘက်က သူတွေလည်း တခြားဘက်ပြေး၊တခြားဘက်ထွက်မပြေးတဲ့သူတွေက ဆွေမျိုးတွေဆီမှာ နေကြတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မြစ်ကြီးနားမြို့အတွင်းက စစ်ကောင်စီတပ်တွေနဲ့ နီးတဲ့ မော်ဖောင်း၊ပမ္မတီးစတဲ့ရပ်ကွက်လိုမျိုးမှာ နေထိုင်တဲ့ ပြည်သူအချို့ကတော့ လက်နက်ကြီးတွေ ကျရောက်မှာ စိုးတဲ့အတွက် နီးစပ်ရာ အသိမိတ်ဆွေတွေမှာ တိမ်းရှောင်တာတွေ ရှိနေပါတယ်။

မြစ်ကြီးနားမြို့ဘက် စစ်ရှောင်လာကြတဲ့ ဝိုင်းမော်မြို့က ဒေသခံတွေကို မြစ်ကြီးနားမြို့ခံအချို့က ငှားရမ်းခံမယူဘဲ ခြံအလွတ်၊အိမ်အလွတ်တွေမှာ နေထိုင်ခွင့် ပေးတာတွေရှိပြီး တချို့ အိမ်ငှားရမ်းတဲ့သူတွေကတော့ ဌားခတွေကို ဈေးမြင့်တောင်းခံတဲ့အပြင် လဝက်နီးပါး ငှားရမ်းစာချုပ်ချုပ်ခိုင်းတာတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့တွင်းက လုံခြုံရေးစခန်းရှေ့နဲ့ လမ်းတွေမှာ မိုဘိုင်းလ် စစ်စတန်နဲ့ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

စစ်ဆေးမှုပြုလုပ်တဲ့အချိန် ဆိုင်ကယ် Tool Box နဲ့ ကားတွေကို စစ်ဆေးတဲ့အပြင် အဝတ်အစား၊ ဖုန်း၊ပိုက်ဆံအိတ်တွေပါ စစ်တယ်လို့ မြစ်ကြီးနားမြို့ခံ နောက်တစ်ဦးက ပြောပါတယ်။

ဘုရားကျောင်းမှာ အစဉ်အစီတစ်ခုခု လုပ်ဖို့ဆိုရင် အရင်ကလို လူငယ်တွေ စုဝေးတာတွေ သိပ်မလုပ်ဖြစ်တော့ဘဲ ဘုရားကျောင်းမှာနေရင်လည်း မလုံခြုံဘူးလို့ မြစ်ကြီးနားမြို့နေ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

လူငယ်တွေလည်း အစဉ်အစီတစ်ခု လုပ်တော့မယ်ဆိုရင် မိဘတွေက လူငယ်တွေကို မလွှတ်ပေးတာတို့၊ တစ်ချို့ မိဘတွေက လွှတ်ပေးရင်လည်း လူငယ်တွေက မလာရဲကြဘူး။ ကျွန်တော်တို့တစ်ခါတလေ ဘုရားကျောင်းမှာ စုဝေးရင်တောင် မလုံခြုံဘူး။ သူတို့(စစ်တပ်)က စည်းကမ်းမရှိ ပစ်လာမှာလည်း ကြောက်တယ်။ ဝင်လာပြီး ဖမ်းခေါ်သွားမှာလည်း စိုးတယ်။ “လို့ အထက်ပါလူငယ်က ပြောပါတယ်။

မြစ်ကြီးနားမြို့အတွင်း ည ၁၀ နောက်ပိုင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ည ၈ နာရီလောက်အချိန်ကစပြီး လမ်းပေါ်လူမရှိတော့ဘူးလို့ မြစ်ကြီးနားမြို့ခံ နောက်ထပ် အမျိုးသားတစ်ဦး ကပြောပါတယ်။

မနေ့က ကျွန်တော် နာရီလောက် ပြန်လာတဲ့အချိန် လမ်းမှာဘယ်သူမှမရှိတော့ဘူး။ နာရီလောက်ဆိုရင် ဆိုင်ထဲမှာတော့ရှိကြတယ်။ ကျွန်တော်တို့ထိုင်တဲ့ဆိုင်က နာရီလောက်ဆို မောင်းထုတ်ပြီ။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မြို့တွင်းက KIV ၊Bar တွေတော့ ပိတ်တာမရှိဘဲ အဲဒီထဲမှာ ရှိနေတဲ့သူတွေကိုတော့ ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေ မရှိဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ရဲ့ အဝင်အထွက် ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေရှိနေပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီလမ်းပေါ်က စစ်ကောင်စီရဲ့ စခန်းအားလုံးကို သိမ်းပိုက်ထားလိုက်ပြီးတော့ ဝိုင်းမော်မြို့တွင်းရပ်ကွက်တွေအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်သလို စစ်ကောင်စီကနေ လေကြောင်းအပြင် မြစ်ကြီးနား အမြောက်တပ်ကနေ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူနေတာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here