ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းရှေ့နဒေါ်ဒွဲဘူပြောကြား

1474

တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ မြစ်ကြီးနားတရားရုံးတွင် တရားစွဲဆိုထားသော ကိုလွမ်း ဇောင်းတို့ သုံးဦး၏အမှုမှ တရားလို ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးကို မေလ ၂၈ ရက် တတိယအကြိမ် ရုံးချိန်း တွင် မြို့နယ်တရားသူကြီး ဦးရန်နိုင်အောင်က စတင်စစ်ဆေးခဲ့သည်။

တိုက်ပွဲကြောင့် ပိတ်မိပြည်သူများလွတ်မြောက်ရေးအတွက် ဧပြီလ ၃၀ ရက်က မြစ်ကြီးနားမြို့ပေါ်၌ လှည့်လည်ဆန္ဒပြသူများကို ဦးဆောင်သူ ၃ ဦးအား တရားစွဲဆိုရခြင်းမှာ မေလ ၁ ရက်က ကျင်းပခဲ့သည့် သ တင်းစာရှင်းလင်းပွဲ၌ တပ်မတော်အပေါ် အများပြည်သူအထင်လွဲမှားစေရန် အထောက်အထားမရှိပဲ ပြောဆို ခဲ့သည့်အတွက် ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း အကျိုး ဆောင်ရှေ့နေဒေါ်ဒွဲဘူပြောကြားချက်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here