ကိုယ်ပိုင်ကျောင်းများ အပါအဝင် သင်တန်းကျောင်းအချို့ ယာယီပိတ်

1790
Green Hills Academy

မတ်လ ၁၈

ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ အစိုးရ နွေရာသီ သင်တန်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် နွေရာသီသင်တန်းအချို့ကို မတ်လ ၁၇ရက်မှ စတင်ကာ ခေတ္တပိတ်မည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာဦးစီးဌာနမှ မတ်လမှ မေလဆန်းအတွင်း ပြုလုပ်မည့် သင်တန်းများကို ယာယီဆိုင်းငံ့ရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဦး သန်းမြင့်အောင် ကပြောသည်။ ​

အစိုးရ​၏ တရားဝင် ထုတ်ပြန်ချက်အတိုင်း ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မှုအနေဖြင့် ပိတ်ခြင်းဖြစ်ကြောင်း ILBC မြစ်ကြီးနား ကျောင်းအုပ်ဆရာမကြီး ဒေါ်ထုလွမ်က ပြောသည်။ “အစိုးရကနေ တရားဝင်ထုတ်ပြန်လို့ အထက်က ညွှန်ကြားတဲ့အတိုင်း ပါပဲ ဆရာမကြီးတို့က လိုက်လုပ်တာပါ”ဟု ကျောင်းအုပ်ဆရာမကြီး ကပြောသည်။

အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၊ နွေရာသီ သင်တန်းများ၊ ဟောပြောပွဲများ ကျင်းပခြင်းမပြုရန်နှင့် ဖွင့်လှစ်ဆဲသင်တန်းများ ပိတ်သိမ်းရန် ပညာရေးဝန်ကြီးဌာနက မတ်လ ၁၆ရက်က ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှလည်း အသင်းတော်၊ ဇုန်နယ်များမှ ဦးဆောင်ပြုလုပ်သော နွေရာသီသင်တန်းများကို ဧပြီလကုန်အထိ ပိတ်ထားရန် မတ်လ ၁၇ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here