ဩဂုတ် ၁၇
(၁၉)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးကို ယနေ့ ဩဂုတ်လ၁၇ရက်နေ့ နံနက်ပိုင်း နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗားရှင်းဗဟိုဌာန-၁( MICC-1)ခန်းမတွင် ကျင်းပနေခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးသည် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ,(၂၁ရာစုပင်လံု)စတုတ္ထအကြိမ်အစည်းအဝေးမှ NCA သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့် အစိတ်အပိုင်း ၃ ကိုဆွေးနွေးနေခြင်းဖြစ်သည်။

ယခုကျင်းပမည့် ညီလာခံ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်၊ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်၊ ဒီမိုကရေစီဖက်ဒရယ်အခြေခံမူများ ဟူ၍ အပိုင်းသုံးပိုင်းပါ၀င်တဲ့ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကိုချုပ်ဆို မည် ဖြစ်သည်။

ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၃)၌ အပိုင်း(၁)NCAအကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘောတူညီချက်(၁၅)ချက်၊ အပိုင်း(၂)၂၀၂၀အလွန် ငြိမ်းချမ်းရေးအဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်ထည်ဖော်မှုများ၌ ဇယား(၁) ခေါင်းစဉ်ကြီး ရှစ်ခု သဘောတူညီချက်၊ အပိုင်း(၃)ဒီမိုကရေစီနှင့် ဖယ်ဒရာယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ အချက်(၅)ချက်တို့ သဘောတူညီမှု ရရှိပြီး ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်ကြာကျင်းပသွားမည် ဖြစ်သည်။
Benadeth







