မတ်(၁၂)
စစ်ရှောင်ပြည်သူများ မိမိမူလ နေအိမ် သို့ ပြန်လာနိုင်ရန် ပြည်လည်ထူထောင်နေသည့် မြစ်ကြီးနား- လိုင်ဇာလမ်းမပေါ်ရှိကဇူးကျေးရွာ နေရပ်ပြန်များကို တိုက်ပွဲများ ဖြစ်ပွားလာနိုင်ခြင်း ကြောင့် အမြန်ဆုံး ထွက်ခွာသွားရန် စခန်းမှူး ဗိုလ်ကြီး ငြိမ်းချမ်းအောင် ကိုယ်တိုင် မတ်လ (၁၁) ရက်နေ့က တစ်အိမ်၀င် တစ်အိမ်ထွက် လိုက်လံ ပြောဆိုကြောင်း သိရသည်။
” ယနေ့ည ညနေ (၄) နာရီ မှာ လူတစ် ယောက်ကိုမှ မမြင်ချင်ဘူး။( ၂) နာရီအတွင်း အားလုံးထွက် ဆိုပြီး အော်ပြီး လိုက်ပြောတယ်။ စခန်းမှူးနဲ့ စစ်သား(၃)ယောက်က လိုက်ပြောနေတာ။နီးတဲ့ နေရာမှာက ခြေလျင်နဲ့ သွားပြီး ဝေးတဲ့ နေရာမှာတော့ ဆိုင်ကယ်နဲ့ သွားပြီး လိုက်လံပြောဆိုနေတာ” ဟု ကဇူး ကျေးရွာမှ ပြန်လာသူတစ်ဦးက ပြောသည်။
သို့သော် ယနေ့တွင် အထက်ပါစခန်းမှူးမှ ပြောင်းရွေ့ကြသူများအားလုံး ပြန်လာကြရန် ပြန်လည်ပြောဆိုခဲ့သည်ဟု သိရပြီး စခန်းနှင့် ကိုက် (၃၀၀) ပတ်လည်တွင် သွားလာခြင်း မပြုလုပ် ရန် မှာ ကြားထားကာ အများစုမှာ ကျေးရွာသို့ ပြန်မသွားဘဲ ဆက်လက်တိမ်းရှောင်လျက် ရှိသည်။

” သူပြောတဲ့ အဲဒီနေရာက ကျွန်တို့ အကွက်ရိုက်ပြီး ဒေသခံရွာသား တွေကို ခြံအဖြစ် ပေးထားတဲ့ နေရာ တွေဖြစ်ပြီး အိမ်ဆောက်မယ့် နေရာ တွေလည်း အဲဒီနားမှာပဲ”ဟု ရွာသားတစ်ဦးက ပြောသည်။
ယခုချိန်သည် ကဇူးကျေးရွာ ရွာသား (၁၂၀)ကျော်က မိမိနေအိမ်များ ဆောက်လုပ်နိုင်ရန် ကိုယ့်ခြံမြေနေရာများကို ရှင်းလင်း နေကြချိန်ဖြစ်ပြီး စစ်အာဏာသိမ်းသည့်နောက်ပိုင်း မတ်လ(၁၁) ရက်နေ့မှစတင်ပြီး အာဏာသိမ်းတပ်မတော်နှင် ကေအိုင်အေတို့ တိုက်ပွဲပြင်းထန်လျက်ရှိသည်။







