တနိုင်းမြို့တွင် စက်သုံးဆီပန့်အရောင်းဆိုင်များ ဖွင့်လှစ်ထားခြင်း မရှိသေးသော်လည်း စက်သုံးဆီဈေးနှုန်း ပြန်လည်လျော့ကျနေ

342

 

စက်တင်ဘာ၊၂

ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ စက်သုံးဆီပန့်အရောင်းဆိုင်တွေ ဖွင့်လှစ်တာမရှိသေးပေမဲ့ စက်သုံးဆီဈေးနှုန်း လျော့ကျလာပြီလို့ ဒေသခံတွေက ဆိုပါတယ်။

မြို့တွင်းမှာရှိတဲ့ စက်သုံးဆီပန့်ဆိုင်တွေ ဖွင့်လှစ်တာမရှိသေးပေမဲ့ ကားကြီးကွင်းသွားလမ်းမှာရှိတဲ့ “မင်းထက်သာ” စက်သုံးဆီ အရောင်းဆိုင်မှာတော့ တစ်ဂါလံ တစ်သောင်းကျော်နဲ့ ရောင်းချပေးနေတယ်လို့ တနိုင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” မင်းထက်သာ မှာဖွင့်ပြီး တစ်ဂါလံ တစ်သောင်းကျော်နဲ့ပေးတယ်။ တစ်နေကုန်တော့ မဖွင်ဘူးထင်တယ်။တချို့မှာတော့ နှစ်သောင်း။” လို့ ဒေသခံဆိုပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ ကတည်းက မင်းထက်သာ အရောင်းဆိုင်မှာ တစ်ဂါလံ ၁၇၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ဝယ်ယူသူတွေများနေတယ်လို့ နောက်ထပ် တနိုင်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။

လက်ရှိ ပြင်ပလက်လီဆိုင်သေးတွေမှာ ရေသန့်ဘူး တစ်လီတာ ၅၀၀၀ ကျပ် ၊ တစ်ဂါလံ ၂ သောင်းကျပ်ထိ ဈေးလျော့သွားပြီဖြစ်ပြီး ဒေသခံတွေ အဆင်ပြေပြေနဲ့ ဝယ်ယူအသုံးပြုနိုင်အောင် သက်ဆိုင်ရာဘက်က လုပ်ဆောင်ပေးမယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ တနိုင်းဒေသခံက ဆိုပါတယ်။

” များများမရောင်းပေးရင်တောင် ပုံမှန်ဈေးနဲ့ ကျွန်တော်တို့ ဒေသခံတွေ သုံးနိုင်ရင်က အရမ်းကောင်းမယ်ပေါ့နော် ဒါတွေလုပ်ပေးနိုင်ရင်တော့။” လို့ဆိုပါတယ်။

မြို့တွင်းစက်သုံးဆီ ပန့်ဆိုင်တွေ ပြန်ဖွင့်တော့မယ်လို့လည်း ကြားနေရသလို လက်ရှိမှာတော့ မင်းထက်သာ အရောင်းဆိုင်အပြင် တနိုင်း မြို့အဝင်ဘက်က တိုင်းကျော် စက်သုံးဆီဆိုင်သာ ဖွင့်လှစ်သေးတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက တနိုင်းမြို့ဘက်ကို စက်သုံးဆီအဝင်ကန့်သတ်လိုက်တာကြောင့် တနိုင်းမြို့မှာ

လွန်ခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကတည်းက စက်သုံးဆီ အရောင်းပန့်ဆိုင်ကြီးတွေ ပိတ်ပင်ထားတာဖြစ်ပြီး ပြင်ပက လက်လီဆိုင်သေးတွေမှာ တစ်လီတာ တစ်သောင်း၊ တစ်ဂါလံ ကျပ် ၄ သောင်းလောက်ထိ ပေးဝယ်အသုံးပြုခဲ့ရတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here