အောက်တိုဘာ၊၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခန်မြို့သစ်က စစ်ကောင်စီရဲစခန်းကို ဒီကနေ့ နေ့လယ် ၁ နာရီခွဲ့ခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်ကနေ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်တပ်ကနေ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ PDF နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အပြန်အလှန်ပစ်တော့ ညနေပိုင်းခဏနားနေကြတယ်။ စောင့်ကြည့်ရမဲ့အနေအထား၊ နောက်ပြီးတော့ တင်းမာမှုတော့ အထွတ်အထိပ် ရောက်နေတယ်ပြောတယ်”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး အထိအခိုက်အသေးစိတ်တော့ မသိရသေးဘူးလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး ကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာ၊ စစ်ကောင်စီ ဗျူဟာကုန်းက လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် အနန့်ပါကျေးရွာဘက် ကျရောက်ပေါက်ကွဲပြီး KIA အရှာရှိနှစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။ Crd- NUG







