ဖားကန့်တွင် အမျိုးသားတစ်ဦး ဓါတ်တိုင်ပိသေဆုံး

238

 

စက်တင်ဘာ၊၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ဆိုင်းတောင် မှော်ရှန်ရပ်ကွက်မှာ ဒီကနေ့မနက် ၉ နာရီခွဲခန့်က ၆ ဘီးကားတစ်စီး မီးကြိုးနဲ့ငြိပြီး ဓာတ်တိုင်လဲကျတဲ့အချိန် ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ အမျိုးသားတစ်ဦး ဓာတ်တိုင်ပိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ ၆ ဘီးကားဟာ မှော်ရှန်ကျေးရွာ ဘုန်းကြီးကျောင်းရှေ့ လမ်းမကြီးအတိုင်း ဖြတ်လာတဲ့အချိန် မီးကြိုးနဲ့ငြိပြီး ပါသွားရာကနေ ဓာတ်တိုင်လဲကျပြီး ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အမျိုးသားအပေါ်ဖိမိသွားတာလို့ မှော်ရှန်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဓာတ်တိုင်က နဂိုကတည်းက ကျိုးခါနီးဆိုတော့ အဲဒီကုန်တင်ကားက ဆွဲလိုက်တော့ နောက်မှာ ပါလာတဲ့ ဆိုင်ကယ်ကို သွားဖိတာပေါ့နော်။လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ ညီမဖြစ်သူနဲ့ ဆိုင်ကယ်အတူစီးလာခဲ့တာဖြစ်ပြီး အစ်ကိုဖြစ်သူ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ကုန်တင်ကားပေါ် တင်လာတဲ့ ပျဉ်ပြားတွေနဲ့ မီးကြိုးတွေငြိပြီး အဲဒီအမျိုးသားအပေါ် ဓာတ်တိုင် ကျိုးကျပြီး ဆုံးသွားတာလို့လည်း နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းကလည်း ကုန်တင်ကားတစ်စီး အဲဒီဓာတ်တိုင်ကို တိုက်ခဲ့ဖြစ်ပြီး အဲဒီကတည်းက ကျိုးနေတာဖြစ်တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here