ACHC ကုမ္ပဏီနှင့် အခမဲ့ဆေးကုသရေးဖောင်ဒေးရှင်းတို့က စစ်ရှောင်များအတွက် လှူဒါန်း

1284
ACHC

မြစ်ကြီးနား

ကချင်ပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများနှင့် စစ်ဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီACHC နှင့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း နာယကတို့က ငွေကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့ကြောင်းသိရသည်။

ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ရွှေပြည်စံ ခန်းမ၌ ပေးအပ်လှူဒါန်းခြင်းဖြစ်ကာ ACHC လှူဒါန်းငွေကျပ်သိန်း ၂၀၀ နှင့် နာယက ဘန်လွမ်ဒူဝါ ဒေါက်တာ ဘွမ်ယွန်လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ အပြင် ရွှေပြည်စံမိသားစုမှ ဦးကျော်ဌေး လှူဒါန်းငွေ ကျပ် ငါးသိန်းတို့ကို ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း တာဝန်ရှိသူက လက်ခံခဲ့ကြောင်းသိရသည်။

ဆန်လတ်

LEAVE A REPLY

Please enter your comment!
Please enter your name here