မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတိုက်ခိုက်မှုအပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန် တရုတ်ပြော

194

 

အောက်တိုဘာ၊ ၁၁

တရုတ်-မြန်မာနယ်စပ်၊ လိုင်ဇာဒေသက စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရအပြီး သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြောလိုက်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မုန်လိုက်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့မေးမြန်းမှုကို ဝမ်ဝင်ပင်က ဖြေကြားခဲ့တာပါ။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့လည်း စစ်ဘေးရှောင်စခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတိထားစောင့်ကြည့်နေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

အောက်တိုဘာလ ၉ ရက်နေ့ညပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လိုင်ဇာဒေသက မုန်လိုက်ခက်စစ်ဘေးရှောင်စခန်းက ကလေးတွေအပါအဝင် လူပေါင်း ၃၀ လောက် သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီလို အရပ်သားတွေ သေဆုံးထိခိုက်တာနဲ့ပတ်သက်လို့ ကနေဒါ၊ ပြင်သစ်နဲ့ ဗြိတိန်သံရုံးတို့က စိုးရိမ်ကြောင်းနဲ့ စစ်တပ်၏လုပ်ရပ်အပေါ် ရှုတ်ချကြောင်းလည်း အသီးသီးထုတ်ပြန်ထားကြပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးနဲ့ UNICEF Myanmar တို့ကလည်း အဲဒီကိစ္စအပေါ် အထူးစိုးရိမ်ထိတ်လန့်တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဘယ်သူလုပ်သလဲ ဆိုတာကိုတော့ ထည့်သွင်းမဖော်ပြထားပါဘူး။

ဒါပေမဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အင်တိုနီယိုဂူတားရက်စ်ကတော့ မြန်မာစစ်တပ်ရဲ့ အဲဒီလိုလုပ်ဆောင်မှုအပေါ် စိုးရိမ်ထိတ်လန့်ပြီး ကျူးလွန်သူတွေအနေနဲ့ တာဝန်ယူရမယ်လို့ ပြောဆိုခဲ့ပါတယ်

 

LEAVE A REPLY

Please enter your comment!
Please enter your name here