မိုးကောင်းတွင် စစ်ကောင်စီကားပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေးတင်းကြပ်နေ

384

 

ဩဂုတ်၊၁၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်မှာ ကျောင်းလာကြိုတဲ့ စစ်ကောင်စီကား ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားပြီးတဲ့နောက် မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စစ်ကောင်စီက စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်ကောင်စီကားဟာ မိုးကောင်းမြို့ အထက (၁) ကျောင်းအနီးက သံလွင်တည်းခိုခန်းရှေ့မှာ ရပ်ထားတဲ့အချိန် ဆိုင်ကယ်သုံးစီးနဲ့ အရပ်ဝတ် လူတစ်ချို့က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ကြားသိရကြောင်း မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျောင်းလာကြိုနေတဲ့ကားကို ပစ်သွားတယ်လို့ကြားတယ်။ အဲဒါပြီးတော့ စစ်သားတွေက ဘာတွေပစ်လဲတော့မသိဘူး။ သေနတ်ကတော့ တစ်ဖောင်းဖောင်းနဲ့ ကျွန်းတောရောက်တဲ့အထိ ပစ်နေကြတာ။” လို့ ဒေသခံက ဆိုပါတယ်။

အထက်ပါဖြစ်စဉ်ဖြစ်ပွားမှုကြောင့် အနီးနားက ဈေးဆိုင်တန်းတွေပိတ်ပင်ထားရပြီး လက်ရှိမှာတော့ မိုးကောင်းတံတားထိပ်နဲ့ သုံးမိုင်ကွေ့ဘက်တွေမှာ စစ်ကောင်စီက စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ နောက်ထပ် မိုးကောင်းဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

ဒီကနေ့ သုံးနာရီဝန်းကျင်လောက်က ကျောင်းရှေ့မှာ အခုလိုဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီ စစ်ကားထိခိုက်မှုလည်းရှိတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ- ပေးပို့(ပုံဟောင်းဖြစ်ပါသည်)။

 

LEAVE A REPLY

Please enter your comment!
Please enter your name here