ပုရစ်ရှာဖွေနိုင်ခြင်းကြောင့် ကဇူးယန်စစ်ရှောင်ဒေသခံများ မိသားစုစားဝတ်နေရေး အထောက်အကူဖြစ်

278

 

အောက်တိုဘာ၊၁၂

ကျေးရွာအနီးတစ်ဝိုက် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ခက်ခဲမှုတွေရှိနေကြတဲ့ ကဇူးယန်ကျေးရွာနဲ့ ဒဘတ်ယန်ကျေးရွာက ဒေသခံတွေအတွက် အခုပုရစ်ကျတဲ့ရာသီဆိုရင် မိသားစုစားဝတ်နေရေးကို ဖြေရှင်းဖို့ ထွက်ပေါက်တစ်ခု ဖြစ်လာပါတယ်။

ပုရစ်ဝယ်တဲ့ သူတွေဟာ တစ်ကောင်ကို ၁၀၀ ကျပ်နဲ့ ဝယ်ယူကြတဲ့အတွက်

စားဝတ်နေရေးအတွက် အဆင်ပြေတယ်လို့ ကဇူးယန်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက

ပြောပါတယ်။

” ဆန်ချေးထားတဲ့ဟာတွေ ပြန်ဆပ်နိုင်တော့မယ်။ ဟင်းဖိုးတွေလည်း ရနိုင်တော့မယ်။ အစားအသောက်ကအစ ဆန်လည်း သူများဆီက ချေးစားထားတာ ။အခုမှ ဒီကနေ ဆပ်နိုင်တော့မယ့် အခြေအနေပဲ။ ” လို့ ဒေသခံက ဆိုပါတယ်။

မနှစ်ကဆိုရင် စက်တင်ဘာလ ကုန်ပိုင်းလောက်ကနေ စတင်ပြီး အောက်တိုဘာလအထိ ပုရစ်တွေကျတဲ့အတွက် နှမ်းရိတ်သိမ်းချိန် လုပ်အားခတွေရှင်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒီနှစ်က နောက်ကျပြီး အခုအောက်တိုဘာလဆန်းလောက်က စကျတဲ့အတွက် ပုရစ်ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ နောက်လစပါးရိပ်ဖို့အတွက် လုပ်အားခ ရှိသွားပြီလို့လည်း ဆိုပါတယ်။

လျှပ်စစ်မီးမရရှိတဲ့ ရွာတွေဖြစ်တဲ့အတွက် ညသန်းခေါင် ၁၂ နာရီလောက်ကနေ မနက် ၅ နာရီဝန်းကျင်လောက်အထိ ဓာတ်ဆီ တစ်သောင်းဖိုးလောက်ထည့်ပြီး မီးစက်နဲ့ မီးထွန်းထားပြီးတော့မိုးကာနဲ့ ထောင်ဖမ်းကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပုရစ်ကျတဲ့ ညတွေဆိုရင် အကောင် ထောင်ကြီးပိုင်းလောက်ကနေ သောင်းကဏန်းလောက်အထိ ရရှိကြပေမဲ့ ပုရစ်က ညတိုင်းမကျတဲ့အတွက် တချို့ညတွေဆိုရင် အခြေအနေကိုကြည့်ပြီးမဖမ်းတော့တဲ့ ညတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှ ရှိတဲ့ ကဇူးယန်၊ဒဘတ်ယန်ကျေးရွာခံတွေဟာ ၁၀ နှစ်လောက် စစ်ရှောင်ခဲ့ရတာဖြစ်ပြီး မနှစ်ကမှ နေရပ်ကို ပြန်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here