ဗန်းမော်စစ်ဆင်ရေး ၉ လကျော်အတွင်း KIA ပူးပေါင်းအဖွဲ့ဘက်က ၄,၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းစာက ဖော်ပြ

81
ဗန်းမော်စစ်ဆင်ရေး ၉ လကျော်အတွင်း KIA ပူးပေါင်းအဖွဲ့ဘက်က ၄,၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းစာက ဖော်ပြ

စက်တင်ဘာ၊၁၂

ဗန်းမော်စစ်ဆင်ရေးကာလ ၉ လကျော်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဘက်က သေဆုံးသူ ၄,၆၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ငါးထောင်နီးပါးလောက် ရှိတယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် စစ်ကော်မရှင်လက်အောက်ခံ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

သီးခြားသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ တိုက်ပွဲတွေအတွင်း KIA ပူးပေါင်းအဖွဲ့ဘက်က သေဆုံးသူ ၄,၆၁၆ ဦးခန့်နဲ့ ဒဏ်ရာရရှိသူ ၄,၉၈၃ ဦးခန့် ရှိခဲ့တယ်လို့ ဖော်ပြထားတဲ့အပြင် စစ်ကော်မရှင်ဘက်ကလည်း အရာရှိ/စစ်သည် အချို့ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးကာလ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အတွင်း KIA ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် ၄၉၀ ဖြစ်ပွားခဲ့ပြီးတော့ ရန်သူ့ဆီကနေ အလောင်း ၁၆၃ လောင်း၊ လက်နက် မျိုးစုံ ၁၇၈ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဖော်ပြထားတာပါ။

KIA ဘက်က သေဆုံးမှုတွေဆိုပြီး ဖော်ပြထားပေမဲ့ စစ်ကော်မရှင်ဘက်က သေဆုံးသူ ဦးရေကိုတော့ ထည့်သွင်းဖော်ပြထားတာမျိုး မတွေ့ရှိရပါဘူး။

စစ်ဆင်ရေးကာလ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အတွင်း အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် ၄၉၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၆၃ လောင်း၊ လက်နက် မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် မိမိဘက်မှ ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ အနေဖြင့် သေဆုံးသူ ,၆၁၆ ဦးခန့် နှင့် ဒဏ်ရာရရှိသူ ,၉၈၃ ဦးခန့် ရှိခဲ့ကြောင်း သီးခြားသတင်း ရင်းမြစ်များအရသိရှိရပြီး မိမိဘက်မှ အရာရှိ/စစ်သည် အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။ လို့ဖော်ပြထားတာပါ။

ဒါ့အပြင် KIA ပူးပေါင်းတပ်တွေကဘက်က အလင်းဝင်လာသူတွေလည်း ရှိတယ်လို့ ဖော်ပြထားပြီး ဗန်းမော်မြို့တွင်းက ကျန်ရှိတဲ့နေတဲ့ နေရာတွေကို ဆက်လက်ပြီး နယ်မြေရှင်းလင်းမယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်သောင်းကျန်းသူ များအနေဖြင့် အထိအခိုက် အကျအဆုံးများပြားလာသည့် အတွက် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်း များနှင့်အတူ တပ်မတော်စစ်ကြောင်းများထံသို့ အလင်း ဝင်ရောက်မှုများလည်းရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများ အနေဖြင့် ဗန်းမော်မြို့အတွင်း ကျန်ရှိနေသည့် အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များအား ဆက်လက်နယ်မြေ ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။လို့ မြန်မာ့အလင်း သတင်းစာမျက်မှာ ရေးသားဖော်ပြထာတာလည်း ဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်နေဆဲလည်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း အင်အားဖြည့် စစ်ကြောင်းတွေ လိုက်ပါလာတဲ့ စစ်ကော်မရှင် တပ်ရေယာဉ်တွေ ဗန်းမော်မြို့ဘက် ဝင်ရောက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်ကနေစပြီး နှစ်ဖက်တပ် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါတယ်။

စစ်ကော်မရှင်တပ်အနေနဲ့ ဗန်းမော်မြို့ အရှေ့ မြောက်ဘက်ရှိ ဗန်းမော်တက္ကသိုလ် နေရာကနေတစ်ဆင့် နမ့်ဖားကျေးရွာရှိ စခန်းအား စစ်ကြောင်းတစ်ကြောင်းနဲ့ ချီတက်သိမ်းပိုက်ခဲ့ပြီး အဲဒီစစ်ကြောင်းဟာ ဗန်းမော် မြို့ဘက် ဆက်လက်ဦးတည်ချီတက်နေတဲ့အပြင် ဗန်းမော်မြို့ မြောက်ဘက်ရှိ နောင်ခိုရပ်ကွက်၊ မင်းလှရပ်ကွက်တို့ဘက် စစ်ကြောင်းတစ်ကြောင်းနဲ့ ဗန်းမော်မြို့ မြောက်ဘက် KIA ထိန်းချုပ်ထားတဲ့ နယ်မြေခံတပ်ဌာန ျုပ် လေးခု၊ တပ်စခန်းတစ်ခုနှင့်လေဆိပ်နေရာတို့ကို အရှေ့ဘက်ကနေ စစ်ကြောင်း သုံးကြောင်းနဲ့ နမ်းဖားစခန်းကိုသိမ်းပိုက်ပြီး ဗန်းမော်မြို့ဘက် ဦးတည်လာတဲ့ စစ်ကြောင်းတစ်ကြောင်း တို့က နှစ်ဖက်ညှပ်ပြီးတော့တိုက်ခိုက်နေတဲ့အပြင် ပင်စင်ကုန်းရပ်ကွက်၊ ညောင်ပင် ရပ်ကွက်၊ ခွန်သာရပ်ကွက်နဲ့ သာစည်ရပ်ကွက်အတွင်းရှိ ဒေသအခေါ် ကချင်စုနေရာတို့အား စစ်ကြောင်းနှစ်ကြောင်းနဲ့ တန်ပြန်တိုက်စစ်တွေ အရှိန်အဟုန်မြှင့် ဆင့်ဆင့် တောင်ရွက်ခဲ့တယ်လို့လည်း ထည့်သွင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။

KIA အနေနဲ့ ဧရာဝတီမြစ်အရှေ့ဘက် ခြမ်းရှိ နယ်စပ်ဒေသကုန်သွယ်ရေး အတွက် အရေးပါတဲ့ ဗန်းမော်-တာဆိုင်း-မြို့သစ်-လိုင်ဇာ လမ်း ကြောင်း၊ ဗန်းမော်- မိုးမောက်-တာဆိုင်း-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော် – မိုးမောက် – လွယ်ဂျယ် လမ်းကြောင်းတွေကို ထိန်းချုပ် နိုင်ရေးအတွက် ၂ဝ၂၄ ခုနှစ် မတ် လ ၇ ရက်နေ့ကနေ စပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်မြေထိစပ်လျက် ရှိတဲ့ ကချင်ပြည်နယ် အရှေ့ ဘက်ရှိ နယ်မြေလုံခြုံရေးစခန်းတွေနဲ့ ဒေါ့ဖုန်းယန်မြို့၊ မြို့သစ် မြို့၊ တာဆိုင်းရွာတို့ကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here