မြန်မာ-တရုတ် ကန်ပိုက်တီမြို့တွင်နယ်စပ်သွားလာခွင့် စာအုပ်ထုတ်ပေးခြင်းများ ပိတ်ပင်ထားသော်လည်း ပွဲစားများမှ ငွေကျပ်သိန်းဆယ်ချီ တောင်းခံပြီး ပြုလုပ်ပေးနေ

267

ဇူလိုင်၊၁၂

ကချင်ပြည်နယ်၊တရုတ်ပြည်နယ်စပ်၊ ကန်ပိုက်တီမြို့မှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက) ကနေ မြန်မာ-တရုတ်နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်ထုတ်ပေးတာကို ပိတ်ထားပေမဲ့ ပွဲစားတွေကို ငွေကျပ် ၁၀ သိန်းကျော်ပေးပြီး လုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လဝကရုံး ပိတ်ထားပေမဲ့ လဝကကလူတွေနဲ့ ပွဲစားတွေချိတ်ပြီး လက်ရှိပေါက်ဈေး စာအုပ်တစ်အုပ်ကို ငွေကျပ် ၁၁ သိန်းလောက်ပေးပြီး လုပ်နေကြရတယ်လို့ ကန်ပိုက်တီဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့လုပ်ပြီး ဆိုမှ သူတို့ လက်ခံထားတဲ့ အယောက် ၂၀ ဆို ၂၀၊ အဲဒီလိုမျိုး လုပ်ပေးလိုက်တယ်။ ဘယ်အချိန် လုပ်ပေးလိုက်လဲ ဘယ်အချိန်ဖွင့်လိုက်လဲ မသိဘူး။သူများတွေ စာအုပ်ရပြီဆိုလို့ သွားမေးရင် ပိတ်နေပြီ။”လို့ အထက်ပါဒေသခံ အမျိုးသမီးက ပြောပါတယ်။

အမြဲတမ်းလုပ်ပေးနေတာမျိုး မဟုတ်ဘဲ ကြိုတင်စာရင်းပေးထားတဲ့ လူတွေကိုပဲ တိုးတိုးတိတ်တိတ် လုပ်ပေးပြီး အမှန်တကယ် ဖျားနာတဲ့သူတွေ တရုတ်နိုင်ငံကို ဆေးကုသဖို့ သွားချင်တဲ့အခါ လဝက ရုံးကိုသွားပြီး ငွေကြေးပေးဆောင်ရတာတွေ ရှိတယ်််််််််လို့လည်း ဆိုပါတယ်။

စာအုပ်လျှောက်ထားသူ အများပိုင်းဟာ တရုတ်နိုင်ငံကို ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ သွားကြတဲ့သူတွေဖြစ်ပြီး ရှမ်း၊ဗမာနဲ့ရခိုင်လူမျိုးတွေ များတယ်လို့လည်း ပြောပါတယ်။

ကန်ပိုင်တီမှာ လူအရမ်းများလာတယ်။ အဲဒါကြောင့် ကန်ပိုင်တီက လူတွေကိုတောင် သတိထားသွားလာဖို့ ပြောထားတာရှိတယ်”လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

လက်ရှိကန်ပိုင်တီမြို့မှာ အခြားဒေသက ရောက်လာကြတဲ့သူတွေ များနေပြီး တည်းခိုခန်း၊ဟိုတယ်တွေမှာ အခန်းငှားနေကြပြီးတော့ အချို့က သက်ဘုရားကျောင်းတွေမှာ ရန်ပုံငွေပေးပြီး နေနေကြတယ်လို့လည်း သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စာအုပ်ထုတ်တာကို ပိတ်လိုက်တဲ့နောက်ပိုင်း ပွဲစားတွေကို အခကြေးငွေပေးရင် စာအုပ်လုပ်လို့ရတယ်လို့ ကြားသိရတဲ့အတွက် စာအုပ်လာလုပ်တဲ့သူတွေ အများအပြား ရောက်လာကြတာ ဖြစ်တယ်လို့လည်း နောက်ထပ် ကန်ပိုင်တီဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အထက်ပါအဖြစ်အပျက်တွေကို ပြည်နယ်ကောင်စီအဖွဲ့က ကြားသိတာကြောင့် လက်ရှိအချိန်မှာ ငြိမ်နေပေမဲ့ တိုးတိုးတိတ်တိတ် လုပ်ပေးနေတာတွေတော့ ရှိနေတယ်လို့လည်း အထက်ပါအမျိုးသမီးက ဆက်လက်ပြောပါတယ်။

အခုနှစ် မေလ အစပိုင်းလောက်ကစပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မြန်မာ-တရုတ်နယ်စပ် သွားလာခွင့် လက်မှတ်ကို မထုတ်ပေးတော့ဘဲ ပိတ်လိုက်တာ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ် ကန်ပိုင်တီဂိတ်ဟာ ပုံမှန်အတိုင်းဖွင့်နေပြီး စာအုပ်ရှိသူတွေကတော့ ဖြတ်သန်းသွားလာနေကြတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here