ရေဘေးသင့် နောင်းချိန်းစစ်ရှောင်စခန်းနေပြည်သူများ သောက်သုံးရေအခက်အခဲဖြစ်နေ

142

 

ဇူလိုင်၊ ၂

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအတွင်းက ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်စခန်း ၃ ခုက ရေဘေးသင့် စစ်ရှောင်ပြည်သူတွေ သောက်သုံးရေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ရွာအတွင်းမှာရှိတဲ့ ရေတွင်းတွေလည်းရေမြုပ်ပြီး နောက်ကုန်တာကြောင့် ချက်ပြုတ်စားသောက်ဖို့အတွက် မိုးရေခံ ချက်စားနေကြတယ်လို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

ရေကကျပြီးဆိုပေမဲ့ ဧရာဝတီမြစ်အထိတော့ မကျသေးဘူး။ ရွာထဲမှာ ရှိနေသေးတယ်။ သောက်ရေတွေလည်း အရမ်းခက်နေတယ်။ မြစ်ကြီးနားဘက်ကို လမ်းလည်းမပေါက်တော့ သောက်လို့ရတဲ့နေရာကနေ ရှာသောက်နေကြတယ်။ လို့ တာဝန်ခံက ဆိုပါတယ်။

ရေဘေးရှောင်ကြတဲ့ ပြည်သူအယောက် ၁,၆၀၀ လောက်ကို ကျွေးနိုင်ဖို့အတွက် ထမင်းဟင်းကို တစ်နေရာမှာ စုချက်ပြီး ဝေးပေးတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အစားအစားနဲ့ ဆေးဝါးတွေလည်းလိုအပ်နေပြီး ရေမသန့်ရှင်းတာကြောင့် အရေပြားရောဂါတွေ ဖြစ်ကျန်ခဲ့မှာကိုလည်း စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းအတွင်းက နေအိမ်တန်းလျားဆောင် ၂ ဆောင်နဲ့ ရွာထဲက ဒေသခံတွေရဲ့ အိမ်ခြေ ၃၀ လောက် ရေနဲ့မျောပါသွားပြီး ရေကျသွားရင်တော့ ပြန်ဆောက်လုပ်ရတော့မယ်လို့ တာဝန်ခံက ဆက်လက်ပြောပါတယ်။

နောင်းချိန်းကျေးရွာအတွင်းကို ဇွန်လ ၃၀ ရက်နေ့မနက် ၁၀ နာရီလောက်ကစပြီး မြစ်ရေဝင်လာတာကြောင့် ကုန်းမြင့်ဘက်က ဘာသာရေးကျောင်းဝင်း၊ နောင်းချိန်းအထက်တန်း ကျောင်းဝင်းနဲ့ နီးစပ်ရာရေမရောက်တဲ့ အိမ်နီးချင်းတွေဆီ ရွှေ့ပြောင်းနေကြရတာဖြစ်ပါတယ်။

ပြည်နယ်မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မနက် ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁,၃၄၈ စီတီမီတာကို ပြန်လည်ကျဆင်းလာပြီလို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here