အောက်တိုဘာ၊၆
မြစ်ကြီးနားလေတပ်စခန်းကနေ ရဟတ်ယာဥ်နှစ်စင်းနဲ့ ပန်ဝါမြို့ဘက်ကို ပျံသန်းပြီး လူတွေချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက် (၁၀) နာရီဝန်းကျင်က စစ်ရဟတ်ယာဥ်နှစ်စင်းနဲ့ ရောက်ရှိလာတာဖြစ်ပြီး သတ္တုဆိုက်တွေကို စစ်ဆေးဖို့ လူချသွားတာ ဖြစ်နိုင်တယ်လို့ ပန်ဝါဒေသဘက်မှာ သတ္တုတူးဖော်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ရောက်လာတယ် နှစ်စီးတောင်။ တစ်စီးက မြေပေါ် ဆင်းပြီး တစ်စီးက အပါ်မှာပဲ ပျံနေတာ။လူပဲလာချထားတာ ထင်တယ်။ ငါးမိနစ်လောက်ဆိုရင် ပြန်သွားပြီ။ အခုလည်း သတ္တုဆိုက်တွေ ပြန်ပိတ်မလို ကြားနေရတယ်” ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် သတ္တုလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အခြားမျိုးသားတစ်ဦးကလည်း ရဟတ်ယာဥ်တွေ ရောက်ရှိလာတာကြောင့် သတ္တုလုပ်ငန်းခွင်ကို သစ်ကိုင်းတွေနဲ့ အုပ်ထားခဲ့ရတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
” လေယာဥ်ရောက်လာတယ်ဆိုပြီး အလုပ်ဆိုက်ကို သစ်ကိုင်းတွေနဲ့အုပ်ခိုင်းပြီး တောထဲသွားပုန်းခိုင်းတာ။ အခုတော့ပြန်လုပ်နေပါပြီ။ လုပ်နေတယ်ဆိုရင်လည်း အုပ်ထားတဲ့ အောက်ကနေလုပ်တာပေါ့” လို့ပြောပါတယ်။
စစ်ကောင်စီကနေ ပန်ဝါဒေသက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ ညွှန်ကြားထားတာဖြစ်ပြီး စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဓါတ်ပုံ- ဟောင်းဖြစ်ပါသည်။







