တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီအထက်တန်းကျောင်းပြန်ဖွင့်ပေမဲ့ ရာနှုန်းပြည့် မလည်ပတ်နိုင်သေး

114

 

ဇန်နဝါရီ၊၇

တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က အစိုးရအခြေခံပညာ အထက်အတန်းကျောင်း ပြန်ဖွင့်နေပေမဲ့ စာသင်ကြားပေးမယ့် ကျောင်းဆရာ/မ လုံလောက်မှုမရှိတာကြောင့် ရာနှုန်းပြည့်မလည်ပတ်နိုင်သေးဘူးလို့ သိရပါတယ်။

ကျောင်းဆရာ/မ အလုံအလောက် မရှိတာကြောင့် လက်ရှိအချိန်မှာ ၄၀ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင်တယ်လို့ ကန်ပိုက်တီဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကျောင်းဆရာမတွေလည်း မလောက်ဘူး။ ကျောင်းဆရာမတွေလည်း ခန့်ထားတာမရှိဘူး။ အရင်ကသူတွေလည်း အကုန်ထွက်ပြေးသွားကြတယ်လေ။ ကျောင်းလည်ပတ်မှု ရာနှုန်းပြည့်မရှိဘူး။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းသူ/သားတွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာ/မတွေဟာ ဒေသခံထဲကပဲဖြစ်ပြီး ကန်ပိုက်တီမြို့ကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လတ်ရေးအဖွဲ့အစည်း (KIO) ဘက်ကလည်း ပညာရေးကို အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ကန်ပိုက်တီအစိုးရအထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ကျောင်းသူ/သား ၈၀ လောက်ရှိပြီး တခြားမြို့နယ်ဘက် ကျောင်းသွားမတတ်နိုင်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကန်ပိုက်တီကျောင်းဖွင့်နေတာ နှစ်ပတ်ခန့်လောက်ရှိနေပြီလို့ နောက်ထပ် ကန်ပိုက်တီဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကန်ပိုက်တီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံကျောင်းသူ/သားအများပိုင်း ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်မှာ ကျောင်းပြန်တက်ခဲ့ကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေ ကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here