ဆယ်ဇင်းကျေးရွာအနီး KIA နှင့် ရှမ်းနီ(SNA) တပ်တို့ တိုက်ပွဲဖြစ်ပွားနေ

416

 

ဩဂုတ်၊၇

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီး ပန်ချယ်ကွင်းအလွန်က နန့်ကသာချောင်း ရှမ်းနီနယ်မြေဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ရှမ်းနီအမျိုးသားများတပ်မတာ် (SNA)တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

SNA တပ်တွေရှိတဲ့ နေရာဘက်ကို KIAနဲ့ PDF ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” လက်နက်ကြီး သုံးလေးကြိမ်မြည်ပြီးမှ သေနတ်အသေးတွေမြည်တာ။ ရင်း ၂၆(KIA) နဲ့ PDF တွေဟုတ်တယ်။ ဆယ်ဇင်းရွာအပြင်ဘက်မှာ ရှမ်းနီတွေရှိတဲ့ဘက် သွားတိုက်ခိုက်တာ။” လို့ ဒေသခံက ဆိုပါတယ်။

ဒီကနေ့မနက် ဆယ်နာရီခွဲလောက်ကတည်းက ဆယ်ဇင်းရွာအနီး ပန်ချယ်ကွင်းဘက်မှာ လက်နက်သံတွေ ကြားနေရတာဖြစ်ပြီး ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆယ်ဇင်း ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

” ကျွန်တော်တို့က ဝေးတော့ လက်နက်ငယ်က မကြားရဘူး။ လက်နက်ကြီးသံတော့ တော်တော်စိပ်တယ်။လက်နက်သံက မကြားရတာကြာပြီ။” လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းကပဲ ဖားကန့်မြို့နယ်၊ နမ့်မှော်- တာမခန်သွားလမ်းပေါ်မှာရှိတဲ့ ကသိုင်းတောင်က စစ်ကောင်စီ တပ်စခန်းကို KIA တပ်မဟာ ၉ လက်အောက်ခံ ၊ တပ်ရင်း ၆ က သွားရောက်တိုက်ခိုက်ခဲ့ပြီး KIA ဘက်က စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here