ဖားကန့်မှာ စစ်ကောင်စီတပ်သားတွေကို KIA က ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်

252

 

ဇွန်၊၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ ၃ နာရီခွဲအချိန်လောက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းတောင်ကျေးရွာ/ရပ်ကွက် ရှမ်းဘုန်းကြီးကျောင်းအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA၊KPDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ KIAနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေရှိနေတဲ့နေရာကို KIA ပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းသွားချတယ်တဲ့ လက်နက်ကြီးတွေလည်း ပစ်ခတ်ခဲ့တယ်။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ရှမ်းဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီအင်အား ၃၀ လောက်ရှိနေတဲ့အချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ဆိုင်းတောင်ဘုရားကုန်းအနီးမှာ ပေါက်ကွဲသံ လေးချက် ကြားခဲ့ရတယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

မနေ့ကလည်း ဆိုင်းတောင်စစ်ကောင်စီရဲစခန်းကုန်းကို KIAပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိခဲ့ပြီး ဖားကန့်တပ်မကုန်းကနေ ပြန်လည်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေ ဆိုင်းတောင်းကျေးရွာနဲ့ အနီးတဝိုက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ ဒေသခံ ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကလည်း ဆိုင်းတောင်ရပ်ကွက်/ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖားကန့်စစ်ကောင်စီတပ်မကုန်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ လုံးခင်းကျေးရွာက ကားဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here