တစ်သုံးလုံးကုမ္ပဏီက ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေကို စစ်ကောင်စီမီးရှို့၊ ညှိုနှိုင်းမှုတွေ ပြုလုပ်ပြီး ယာဉ်အဟောင်းတွေကိုသာ ရှို့ခြင်းဖြစ်တယ်လို့ ဒေသခံတွေပြော

50

 

ဇွန်၊၃

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ ဒီကနေ့မနက် ၉ နာရီခန့်လောက်ကစပြီး ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှာ သုံးတဲ့ယာဉ်ယန္တာရားတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မှော်စီစာကျေးရွာက တစ်သုံးလုံးကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝင်းက ကျောက်တူးဖော်ရေးမှာသုံးတဲ့ ယာဉ်ယန္တာရားတွေကို မီးရှို့ဖျက်ဆီးနေတာလို့ မှော်စီစာဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

တစ်သုံးလုံးမှာ ဘတ်ဖိုးကားတွေ မီးရှို့ပေးနေတယ်။ အခုထိပဲ၊လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

တစ်သုံးလုံးကျောက်စိမ်းကုမ္ပဏီဝင်းက ဘတ်ဖိုးသုံးစီးနဲ့ မြေစာသယ်ကားနှစ်စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။

အထက်အမိန့်အရ စစ်ကောင်စီတပ်ဟာ ကျောက်ကုမ္ပဏီမှာသုံးတဲ့ ယာဉ်ယန္တာရားတွေကို ဖမ်းဆီးဖျက်ဆီးတာတွေ ပြုလုပ်နေပေမဲ့ ညှိုနှိုင်းမှုတွေပြုလုပ်ပြီး ယာဉ်ယန္တရားအဟောင်းတွေကိုသာ မီးရှို့ဖျက်ဆီးပြနေတာ ( အဖမ်းပြ၊ဖျက်ဆီးပြခြင်းဖြစ်) ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုအချက်တွေအရ သိရပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဖားကန့်ဒေသခံတစ်ဦးရဲ့ လူမှုကွန်ရက်မှုပေါ်မှာ မျှဝေထားတဲ့အထဲ မီးရှို့မယ့်နေရာကို ကားတွေ ကြိုရွှေ့ထားကြတယ်လို့လည်း ရေးသားထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက် သုံးခုက ယာဉ်ယန္တာရားတွေကို ဖမ်ဆီးတဲ့အပြင် မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။

ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေထဲက အင်အားတစ်ရာကျော်ပါ စစ်ကြောင်းတစ်ကြောင်းဟာ မှော်စီစာကျေးရွာက ဘုရားကုန်းဘုန်းကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲနေတာ ဖြစ်ပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ တစ်လလောက်အကြာမှာ ဖားကန့်မြို့အထိ ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။

ပုံစာ- ယာဉ်ယန္တရားများအား မီးရှို့ဖျက်ဆီးနေစဉ်/ Photo Credit- Original Uploader

 

LEAVE A REPLY

Please enter your comment!
Please enter your name here