ဖားကန့်တွင် ကျေးရွာအုပ်ချုပ်ရေမှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက် အခြားအုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်နေ

447

ဇွန်၊၁၅

ဖားကန့်မြို့နယ်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီးနောက် တစ်ခြားကျေးရွာ အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နှုတ်ထွက်နေကြပါတယ်။

ဇွန်လ ၉ ရက်နေ့က လုံးခင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ အသတ်ခံရနောက်ပိုင်း အခုလို အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်ကြတာဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲဒီလို အသတ်ခံရတဲ့အတွက်ကြောင့် ကြောက်လာကြတာပေါ့။ အားလုံးကို ကြောက်နေရတယ်လေ”လို့ ဒေသခံက ဆိုပါတယ်။

မရှီကထောင်၊ဆိပ်မူ၊မမုံ၊ဖားပြင်စတဲ့ ရပ်ကွက်ကျေးရွာတွေအပြင် အခြားကျေးရွာအများပိုင်းက အုပ်ချုပ်ရေးမှူးတွေလည်း နှုတ်ထွက်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ ဖားကန့်က အုပ်ချုပ်ရေးမှူးအချို့ လုံခြုံရေး အခြေအနေကြောင့် နှုတ်ထွက် နေကြတာဖြစ်တယ်လို့ ဖားကန့် လုံးခင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“လုံခြုံမှုမရှိတော့တာပေါ့ဗျာ။ မိမိကိုယ်ကို မိသားစုအတွက် မိမိတာဝန်ယူပြီး လုံခြုံရေးယူရသလို ဖြစ်နေတယ်ပေါ့ဗျာ”လို့ အထက်ပါဒေသခံက ဆိုပါတယ်။

ဖားကန့်မှာ နေ့စဉ်ဆိုသလို သတ်ဖြတ်ခံရတဲ့အမှုတွေ ဖြစ်ပွားနေပြီး အခုအချိန်အထိ အရေးယူဆောင်ရွက်နိုင်တာမျိုး မရှိတဲ့အပြင် သတ်ဖြတ်သွားသူတွေကိုလည်း ဖမ်းဆီးနိုင်တာ မရှိပါဘူး။

ဖားကန့်မြို့နယ်အတွင်း အခုနှစ်ဆန်းပိုင်းကနေ အမည်မသိလက်နက်ကိုင်တွေကနေ ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကောင်စီကနေ သတ်ဖြတ်တာနဲ့ ဓားပြတိုက်လူသတ်တာတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here