တစ်နှစ်အတွင်း အမျိုးသမီးသေဆုံးသူ ၄၀၀ နီးပါးရှိ

219

 

ဇန်နဝါရီ၊ ၃

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အမျိုးသမီးများဆိုင်ရာ အချက်အလက်စုစည်းချက်အရ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း သေဆုံးသူ အမျိုးသမီးစုစုပေါင်း ၃၉၂ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရတဲ့ အမျိုးသမီးပေါင်း ၅၄၁ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးဦးရေလည်း ၃၁၈ ဦးထိရှိခဲ့တယ်လို့ ရေးသားတင်ပြထားပါတယ်။

ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သေဆုံးသူအမျိုးသမီးပေါင်း ၃၃ ဦးရှိပြီး အများစုဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ဒီဇင်ဘာလအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့အမျိုးသမီးဦးရေ ၂၀ ရှိခဲ့ပြီး အဲဒီအမျိုးသမီးတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ် သတင်းမှားတွေရေးသားတာနဲ့ ဖြန့်ဝေတာဆိုတဲ့ စွပ်စွဲချက်အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းဖို့ကြိုးစားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း သေဆုံးသူ အမျိုးသမီးပေါင်း ၇၀၅ ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၇၅၀ ဦးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၃၂၇၁ ဦးရှိခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒီဖော်ပြပါ အချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေနဲ့ ခိုင်လုံတဲ့ သတင်းမီဒီယာတွေက ရေးသားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံကိုးကားပြီး စုစည်းတင်ပြထားတဲ့အတွက် မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here