စစ်ကောင်စီရဲ့ လွတ်ငြိမ်း ၁၆ ကြိမ်မှာ နိုင်ငံရေးအကျဉ်းသူ/သား ၈ ရာခိုင်နှုန်းကျော်သာ ပါဝင်

116

ဇန်နဝါရီ၊၇

အာဏာသိမ်းပြီးနောက် လေးနှစ်နီးပါး ကြာလာတဲ့အချိန်ထိ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် ၁၆ ကြိမ်မှာ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူ/သား ၈ ရာခိုင်နှုန်းကျော်သာ ပါဝင်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့(ISP-Myanmar) ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အကျဉ်းကျခံနေရတဲ့ ၁၀၁,၇၂၉ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသူ/သား ၈,၇၆၂ လွတ်မြောက်ခဲပြီး ရာခိုင်နှုန်းအားဖြင့် ၈ ဒဿမ ၆ ရာခိုင်နှုန်းကိုသာ ပြန်လည်လွတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုထိ အာဏာသိမ်းမှုကိုလက်မခံဘဲ ဆန်ကျင့်တာကြောင့် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ/သား ၂၁,၄၉၉ ဦးထက်မနည်း ရှိနေဆဲဖြစ်သလို အဲဒီထဲက ၉,၉၈၅ ဦးထက်မနည်း ထောင်ဒဏ်တစ်နှစ်ကနေ အမြင့်ဆုံးသေဒဏ်အထိ ချမှတ်ခံထားရတယ်လို့ ISP-Myanmar က ထောက်ပြပါတယ်။

အာဏာသိမ်းကာလထဲမှာပဲ နိုင်ငံရေးအကျဉ်းသူ/သား အနည်းငယ်ကိုသာ လွှတ်ပေးပြီးတော့ တခြားရာဇဝတ်သား အများအပြားကို လွှတ်ပေးလိုက်ခြင်းကြောင့် ထောင်နေရာကျယ်လာဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို များစွာဖမ်းဆီးထိန်းသိမ်းဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီတင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒါအပြင် အာဏာသိမ်းထားခြင်းကြောင့် အုပ်ချုပ်မှုပျက်ပြားနေချိန်မှာ ပြည်သူလူထုကို စိုးရိမ်ကြောင့်ကြမှုတွေနဲ့နေရဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ကိုသိုက်ထွန်းဦးက ထောက်ပြထားပါတယ်။

ခေတ်အဆက်ဆက်မှာ အကျဉ်းထောင်တွေက ပြုပြင်ပြောင်းလဲရမယ့်အစား ကျွန်တော်တို့ပိုပြီးတော့မှာ ဆိုးသွမ်းတဲ့သူတွေကို မွေးထုတ်ပေးလေ့ရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဒီလိုမျိုးလွတ်ပေးခြင်းက ထောင်တွေလည်း နေရာကျယ်လာတယ်။ ပြည်သူလူထုကို အခက်တွေ့အောင်လုပ်တာဖြစ်တယ်။ ဒီရည်ရွယ်ချက်တွေနဲ့ လွတ်ငြိမ်းမှာ အဓိက နိုင်ကျဉ်းတွေနည်းပြီး တခြားရာဇဝတ်အကျဉ်းသားတွေ များတယ်လို့နားလည်ပါတယ်။ လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့လွတ်ငြိမ်းချမ်းသားပေးချိန်မှာလည်း နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ပါဝင်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမဲ့ မြေပြင်ကောက်ခံထားတဲ့ အချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်သာလွတ်မြောက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) က ထောက်ပြထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here