မြစ်ကြီးနားမြို့က နိုင်ငံကူးလက်မှတ်စာအုပ်(Passport) ထုတ်ပေးရေးရုံး ပြန်ဖွင့်ပြီ

230

 

အောက်တိုဘာ၊၁၄

ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပြတ်တောက်သွားပြီးနောက် မြစ်ကြီးနားရုံးခွဲမှာ နိုင်ငံကူးလက်မှတ်စာအုပ်(Passport) လျှောက်ထားတာတွေ ရပ်ဆိုင်းထားခဲ့ပြီး ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ ပြန်လည်လျှောက်ထားခွင့် ပေးပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် ကချင်ပြည်နယ်အတွင်းက ပြည်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်တွေ ပြန်လည်လျှောက်ထားနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေနဲ့အတူ မြစ်ကြီးနားရုံးခွဲမှာ လျှောက်ထားနိုင်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

နိုင်ငံကူးလက်မှတ်စာအုပ် လျှောက်ထားဖို့အတွက် အိမ်ထောင်စုစာရင်းနဲ့ မိမိရဲ့မှတ်ပုံတင်မူရင်းအပြင် UID (Unique Identification Number) စမတ်ကတ် (သို့မဟုတ်) လျှောက်ထားဆဲ လက်မှတ်ကိုယူဆောင်ပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

စမတ်ကတ်ကို မြစ်ကြီးနားမြို့၊စုပေါင်းရုံးမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး(လဝက)ဌာနမှာ မိမိရဲ့ မှတ်ပုံတင်ကိုင်ဆောင်ပြီးတော့ သွားရောက်လျှောက်ထားရမှာ ဖြစ််််််််ပြီးတော့ ကတ်အတွင်း မိမိလက်ရှိအသုံးပြုနေတဲ့ မှတ်ပုံတင်ပါ အချက်အလက်အပြင် လက်ဗွေရာနဲ့ မျက်ကြည်လွှာကို ထပ်မံထည့်သွင်းပြီး ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ Online Appointment Date ရရှိထားတဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို ရန်ကုန်ရုံးနဲ့ မန္တလေးရုံးခွဲတွေမှာ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုတယ်ဆိုရင် Online Appointment ယူဖို့အတွက် www.passport.gov.mm ဝက်ဆိုဒ်မှာ လျှောက်ထားနိုင်တဲ့အပြင် နိုင်ငံကူလက်မှတ်နဲ့ပတ်သက်တဲ့ အခြားလမ်းညွှန်ချက်တွေကိုပါ ထည့်သွင်းထားတဲ့အတွက် သိရှိလိုတဲ့အကြောင်းအရာတွေကိုပါ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here