ဖားကန့်မြို့၊ ပန်းတင်တံတားမှာ စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

199
ပန်းတင်တံတားစောင့် စစ်ကောင်စီဂိတ်စခန်းအား တွေ့ရစဉ်။

 

ဧပြီ၊၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊မော်ဝမ်းရပ်ကွက်က ပန်းတင်တံတားမှာ ဖြတ်သွားဖြတ်လာ ကားတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေး ပြုလုပ်နေတဲ့အချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပန်းတင်တံတားမှာ ဒီကနေ့မနက် ၆ နာရီခွဲခန့်လောက်ကစပြီး စစ်ကောင်စီတပ်သားတွေ စစ်ဆေးရေးပြုလုပ်နေတဲ့အချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုရှိခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“(စစ်ကောင်စီတပ်တွေ)အရမ်းစစ်ဆေးလာလို့ ဒရုန်းနဲ့လာချ၊လက်နက်ကြီးတွေနဲ့ လာပစ်တယ်လို့ကြားတယ်။ အဲဒါဘယ်အဖွဲ့က ပစ်လဲဆိုတာကို စုံစမ်းနေတယ်။ PDFတွေလို့တော့ ပြောတယ်။လို့ အထက်ပါအမျိုးသားကပြောပါတယ်။

ဖားကန့်တပ်မကုန်း ခမရ (၁၁၉)က စစ်ကောင်စီအင်အား (၄၀)ကျော်ဟာ ပန်တံတားမှာ စစ်ဆေးရေးပြုလုပ်နေတဲ့အချိန် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးနောက် ပန်းတင်စစ်ကောင်စီရဲစခန်းမှာ ဝင်ပုန်းနေတယ်လို့လည်း သိရပါတယ်။

ဒီကနေ့မနက် ပန်းတင့်တံတားမှာ ပစ်ခတ်တိုက်ခိုက်သံတွေ ထွက်ပေါ်နေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ပန်းတင့်တံတားမှာ စစ်ကောင်စီတပ်သားတွေကနေ မကြာခဏ စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိပြီး အဲဒီဂိတ်ကို KIA၊PDF ပူးပေါင်းအဖွဲ့တွေကနေ တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here