ဗန်းမော်နဲ့မိုးညှင်းအကျဉ်းထောင်တွေမှာ စစ်ကောင်စီက နှစ်ရှည်အကျဉ်းကျနေသူတွေကို လက်နက်တပ်ဆင်ပြီး ထောင်ခံစစ်ကင်းစောင့်တာနဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ဖို့ အသုံးပြုနေကြောင်း PPNM ပြော

146

 

မတ်၊၁၄

ကချင်ပြည်နယ်မှာရှိတဲ့ ဗန်းမော်နဲ့မိုးညှင်းအကျဉ်းထောင်တွေမှာ ရာဇဝတ်မှုနဲ့ နှစ်ရှည်အကျဉ်းကျနေသူတွေကို လက်နက်တပ်ဆင်ပြီးတော့ ထောင်ခံစစ်ကင်းစောင့်တာနဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ဖို့ စစ်ကောင်စီက အသုံးပြုနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနေ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တော်လှန်ရေးတပ်တွေ တိုက်စစ်ဖော်ဆောင်နေတဲ့ ဒေသအတွင်းမှာရှိတဲ့ ဗန်းမော်အကျဉ်းထောင်နဲ့ မိုးညှင်းအကျဉ်းထောင်တွေမှာ ရာဇာဝတ်မှုတွေနဲ့ နှစ်ကြီးကျနေတဲ့ အကျဉ်းသားအချို့ကို စစ်ကောင်စီက လက်နက်တင်ဆင်ပေးနေတယ်လို့ PPNM က ထုတ်ပြန်ထားတာပါ။

အဲဒီ နှစ်ကြီးအကျဉ်းသားတွေကို ထောင်ခံစစ်ကင်းလုံခြုံရေးစောင့်ခိုင်းတာ စစ်ကောင်စီတပ်ကို လာရောက်တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီနဲ့အတူ ပူးတွဲခုခံမှုတွေ လုပ်ဆောင်ဖို့ စေခိုင်းမှုတွေ ရှိနေတယ်လို့ PPNM က ဆိုပါတယ်။

ဗန်းမောင်ထောင် ဝင်ရောက်တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ အကျဉ်းသားတွေကို အသုံးပြုတာမျိုး ရှိတယ်ဆိုတာ သိထားရတယ်။ မိုးညှင်းထောင်ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေမရှိသော်ငြားလည်းဘဲ လက်နက်ကိုင် ကင်းစောင့်နေရတယ်။ ကင်းကျနေတဲ့အချိန် လက်နက်ကိုင်ပြီးနေရတယ်။ လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောပါတယ်။

ဒါ့အပြင် စစ်စည်းကမ်း၊ရဲစည်းကမ်း ဖောက်ဖျက်မှုကြောင့် အကျဉ်းထောင်ထဲ ဖမ်းဆီးထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်တပ်ဆင်မှုတွေရှိတယ်လို့ PPNM က ဆိုပါတယ်။

၁၁၁၁(တစ်လေးလုံး) စစ်ဆင်ရေး လွိုင်ကော်ထောင်ကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ချိန်မှာလည်း ဗိုလ်အဆင့်နဲ့ အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရသူတွေကို တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ရင် ကျခံနေရတဲ့ ပြစ်ဒဏ်တွေကို ဖျက်သိမ်းပြီး မှုလရာထူးကို (ယာယီ) ပြန်ပေးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ PPNM က ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here