စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် နန့်ယားဒေသခံအချို့ ပြန်လည်လွတ်မြောက်လာ

279

 

ဩဂုတ်၊၂၉

စစ်ကောင်စီစစ်က ဖမ်းဆီးခဲ့တဲ့ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိတဲ့ နန့်ယားကျေးရွာဒေသခံ ပြည်သူ ၃၀ ကျော်ထဲက ၁၀ ဦးထက်မနည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဖမ်းခေါ်သွားတဲ့ ပြည်သူတွေကို မနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်က နန့်တိန်းကျေးရွာ ရောက်တဲ့အချိန် ပြန်လွှတ်ပေးခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နန့်ယားကဖမ်းခေါ်လာတဲ့သူတွေကို နန့်တိန်းရောက်တာနဲ့ပြန်လွှတ်ပေးပြီ။ စစ်တပ်က နန့်တိန့်ရောက်တာနဲ့ ကားတွေလည်း အကုန်ဖြတ်ခိုင်းပြီ။ “လို့ အထက်ပါ ဒေသခံကပြောပါတယ်။

စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့သူတွေဟာ နန့်ယားကျေးရွာ၊ကပ်မှော်ဇွပ်ကျေးရွာ၊ဆိုင်းဖရာကျေးရွာတွေက ပြည်သူတွေဖြစ်ပြီး အယောက် ၃၀ ကျော်ပါသွားတယ်လို့ သိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

နန့်ယားကျေးရွာက နှစ်ခြင်းဘုရားကျောင်းမှာ စစ်ရှောင်လာကြတဲ့ ပြည်သူအချို့နဲ့ လမ်းမတွေပေါ်မှာ ရှိနေတဲ့ပြည်သူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခဲ့တဲ့အထဲ ဓမ္မအမှုတော်ဆောင်ဆရာတွေနဲ့ အသက်မပြည့်သေးတဲ့ ကျောင်းသားနှစ်ဦးလည်း ပါတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့က ဖားကန့်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် နန့်ယားကျေးရွာ ဒေသခံတွေ၊ စစ်ရှောင်စခန်းက ပြည်သူတွေနဲ့ ကားသမားတွေကို စစ်ကောင်စီကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here