မေ၊၁၀
လွိုင်ကော်တက္ကိသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် ၅ ဦးကို လွတ်ငြိမ်းနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလိုက်ပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကနေ သိရပါတယ်။
လက်ရှိမှာတော့ နေအိမ်ကိုပြန်လည်ရောက်ရှိနေကြပြီ ဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုကို ဦးတည်သောအားဖြင့် လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လွတ်ငြိမ်းနဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးပြီး ပြန်လွတ်ပေးတာဖြစ်တယ်။ အားလုံးအသီးသီး အိမ်ပြန်ကြပါပြီ။“ လို့ IEC အတွင်းရေးမှူး(၁)ဇူးဇူးက မြစ်ကြီးနားသတင်းဂျာနယ် ကို ပြောပါတယ်။
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါဝင် ဒေါ်လှလေးမြင့်၊ ဒေါ်ယဉ်ယဉ်နိုင်၊ ဒေါ်မို့မို့ထွန်းနဲ့ ဒေါ်သီတာတို့ကို မေလ ၈ ရက်နေ့က လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်တယ်လို့ IEC က မေလ(၉) ရက်နေ့က ထုတ်ပြန်ထားတာပါ။
NON CDM ဝန်ထမ်းဖြစ်တဲ့ အထက်ပါ ပါမောက္ခချုပ်အပါအဝင် လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်း၊မိသားစု စုစုပေါင်း ၂၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က လွိုင်ကော်မြို့ တိုက်ပွဲဖြစ်ပွားပြီးနောက် IEC က ထိန်းသိမ်းထားခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ထိန်းသိမ်းထားသူတွေထဲက ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ဝန်းထမ်း စုစုပေါင်း ငါးယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ IEC ကတရားစွဲဆိုခံပြီးတေ့ အခုနှစ် ၂၀၂၄ ခုနှစ်ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်နဲ့ငွေဒဏ် ၉ သိန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။







