မော်ဟန်ကျေးရွာထဲသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံများ စိုးရိမ်နေ

619
စစ်ကောင်စီစစ်ကြောင်း

ဩဂုတ်၊ ၁၆

ကချင်ပြည်နယ်အစပ် မော်ဟန်ကျေးရွာထဲကို ဒီကနေ့မနက် (၆) နာရီလောက်က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပြီး ဒေသခံတချို့က တိမ်းရှောင်ဖို့အတွက် အထုပ်အပိုးတွေ ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး တစ်ရွာလုံး စစ်သားတွေ ဖြန့်ကျက်ထားတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” ကျွန်တော်တို့လည်း အားလုံးကြောက်ပြီး သတိ ရှိရှိနဲ့ နေနေကြရတယ်။ စစ်သားတွေ ဒီမနက်ပိုင်းမှာဆို တစ်ရွာလုံးတောင် စိမ်းသွားတာ လမ်းပေါ်မှာတွေ။ရွာထဲကိုလည်း အရပ်ဝတ်/စားနဲ့ အများကြီးဝင်ခဲ့လို့ အားလုံးကြောက်နေတာ။သူများတွေဆို အထုပ်အပိုးပြင်ပြီး ပြေးဖို့ပဲ စောင့်နေကြတယ်”လို့ ဒေသခံက ဆိုပါတယ်။

မော်ဟန်ကျေးရွာထဲမှာ မော်လူးကျေးရွာ အနီးပတ်ဝန်းကျင်ကကျေးရွာတွေနဲ့ အခြားကျေးရွာတွေက တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ပြည်သူ‌တွေလည်း ရှိနေတယ်လို့လည်း သိရပါတယ်။

ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here