ဒီဇင်ဘာ၊ ၁၈
မြစ်ကြီးနားမြို့က “ဘဝသစ်ပြန်လည်ထူထောင်ရေးဂေဟာ”မှာ မူးယစ်ဆေးဖြတ်ကုသမှု ခံယူလိုသူတွေကို လာမယ့်ဇန်နဝါရီလအတွင်း စတင်လက်ခံသွားဖို့ရှိတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဖြတ်ကုသမှု ခံယူလိုတဲ့ သင်တန်းသားတွေကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ စတင်လက်ခံသွားမှာဖြစ်ပြီး ကြိုတင်ဖုန်းဆက် အမည်စာရင်းပေးသွင်းရမယ်လို့ ဆိုပါတယ်။
သင်တန်းကာလဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ ၃ လတာကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားတွေကို ဇန်နဝါရီလ ၁၁ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာ လက်ခံသွားမှာဖြစ်ပြီး အမျိုးသမီး သင်တန်းသူတွေကိုတော့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လက်ခံသွားမှာဖြစ်သလို သတ်မှတ်ရက်တွေမှာပဲ သင်တန်းသားတွေကို လက်ခံသွားမှာလို့ ရေးသားထားပါတယ်။
လူဦးရေကန့်သတ်စနစ်နဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသား သူတွေကိုပဲ လက်ခံသွားမှာဖြစ်တဲ့အပြင် လက်ရှိ ဂေဟာမှာ ရှိတဲ့သင်တန်းသားတွေကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှုအတတ်ပညာတွေလည်း သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ဂေဟာအတွင်း အမျိုးသမီးအဆောင် သီးသန့်ဆောက်လုပ်ထားရှိထားတဲ့အတွက် ကုသမှုခံယူလိုတဲ့ အမျိုးသမီးတွေရှိရင် ဖိတ်ခေါ်တယ်လို့လည်း ဂေဟာတာဝန်ခံက ဆိုပါတယ်။
ဘဝသစ်ပြန်လည်ထူထောင်ရေးဂေဟာကို မြစ်ကြီးနားဆရာတော်တပိုင် ကက်သလစ်သာသနာက ဦးစီးပြီး မြစ်ကြီးနားမြို့ ၊ ကြက်ပေါင်ခြံရပ်ကွက်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။







