ဖေဖော်ဝါရီ ၁၆ ရက်နေ့က မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့၌ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးထိုင်သပိတ်အား တားဆီးရန်တာဝန်ကျရဲတပ်ဖွဲ့ဝင်များထဲမှ ကိုအောင်ဇင်ဖြိုးကျော်(လ-၂၇၅၃၆၆)သည် CDMလှုပ်ရှားမှုတွင်ပါဝင်လိုက်သောကြောင့် စစ်ကောင်စီမှလိုက်လံဖမ်းဆီးနေသဖြင့် ရှောင်တိမ်းနေရကြောင်း နမ်းမားဒေသရှိ သူ့၏မိသားစုထံမှသိရှိရပါသည်။
ကိုအောင်ဇင်ဖြိုးကျော်သည် နမ္မတီးမြို့မှမိုးညှင်းမြို့သို့ ဖြည့်စွက်ရဲအင်အားအဖြစ်ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ပြည်သူလူထုအား အကြမ်းဖက်ရန်မလိုလားသောကြောင့် CDMတွင်ပါဝင်လိုက်ခြင်းဖြစ်ကြောင်း သူ၏မိသားစုဝင်များ၏ပြောကြားချက်အရသိရှိရပါသည်။
စိုင်းအောင်







