ဝိုင်းမော်မြို့ မီးရထားဘူတာအဆောက်အအုံ ဆောက်လုပ်ရန်လျာထားသော နေရာသည် မူးယစ်ဆေး သုံးစွဲသည့် နေရာ ဖြစ်နေ

4095

နိုဝင်ဘာ ၉

ဝိုင်းမော်မြို့နယ် သာဂရကျေးရွာတွင် ရထားဘူတာဆောက်လုပ်ရန် လျာထားသော အဆောက်အအုံသည် ယခုအချိန် မူးယစ်ဆေး သုံးစွဲသည့်နေရာ ဖြစ်နေသည်ဟု ဘူတာရုံအနီးတွင် နေထိုင်သော ဦးသိန်းဌေးက ပြောသည်။

ယင်း မီးရထားလမ်းပိုင်းစီမံကိန်းကို ၂၀၁၀ခုနှစ်တွင် ရထားလမ်း ဖောက်လုပ်ခဲ့သော်လည်း၊ စီမံကိန်း ရပ်နားလိုက်သောကြောင့် နေရာလွတ်ဖြစ်နေသည်မှာ ၈နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။

အဆိုပါ အဆောက်အုံတွင် လာရောက်ကာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်၊ သေဆုံးသူနှစ်ဦးထိရှိခဲ့ပြီ ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဦးသိန်းဌေးက ပြောသည်။

“ဒီမှာ ဆောင်းရာသီဆိုရင် မိန်းကလေး၊ယောက်ျားလေး၊ ဘီယာသောက်၊ ဘာသောက်နဲ့ ပတ်ဝန်းကျင်မနေသာအောင် ဖြစ်နေတာကို နှစ်စဉ်တွေ့နေရတယ်။ ဒီမှာက နေ့ခင်းဖက်ဆို ဖုန်းနဲ့ချိတ်ပြီး မူးယစ်ဆေးဝါးရောင်းတဲ့ လူတွေလည်း အများကြီးရှိတယ်”ဟု ဦးသိန်းဌေးက ပြောသည်။

ယခုချိန်တွင် ကားဖြင့်လည်းကောင်း၊ လေယာဉ်ဖြင့်လည်းကောင်း၊ ကောင်းမွန်စွာ သွားလာနိုင်သဖြင့် ဘူတာရုံကို ဆက်မလုပ်ရန် အလိုရှိကြောင်း၊ ရထားဘူတာရုံစီမံကိန်းကို ဆက်လုပ်ပါက နိုင်ငံတော် ဘတ်ဂျက်သာ ကုန်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများကြောင့် ဘူတာရုံအဆောက်အအုံ အတွင်းရှိ ဆောက်လုပ်ရေးသုံး ပစ္စည်းများလည်း မရှိတော့ကြောင်း ဘူတာအနီးတွင်ရှိသော ဦးခင်တူးပါက ပြောသည်။

“ဘူတာရုံက၊ လုပ်ရင်လည်း အမြန်လုပ်၊ ဆောက်ရင်လည်း အမြန်ဆောက်တာ ကောင်းတယ်။ ဘာလို့လဲဆိုတော့၊ မူးယစ်ဆေးဝါးသမားတွေက ဒီမှာပဲစုပုံနေကြတာ”ဟု ဦးခင်တူးပါက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

ယင်း ရထားလမ်း ဘူတာရုံနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်မှဦးလဂန်ဇယ်ဂျုံးက မေးမြန်းခဲ့ရာ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးသိန်းက ကုန်ကျစရိတ်များပြားပြီး၊ လတ်တလော တွင် အကျိုးမရှိခြင်းနှင့် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိခြင်းတို့ကြောင့် စီမံကိန်းကို ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ မီးရထားလမ်းပိုင်းသည် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမိတ်၊ သီပေါ၊ လဲချား၊ နမ့်ဆန်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း ဖြစ်ကြောင်း သိရသည်။
Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here