ဧပြီ၊၁၄
ဝိုင်းမော်မြို့ ရောင်စုံလူငယ်များအဖွဲ့ (CYG) မှ နွေဦးတော်လှန်ရေး ပန်းချီပြိုင်ပွဲ လှုပ်ရှားမှုကို ဧပြီလ (၁၃) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။



“ လက်ရှိ ခံစားနေကြတဲ့ ကလေးတွေရဲ့ခံစားချက်တွေသိပြီး သူတို့ရဲ့စိတ်တွေ ပျော်ရွှင်လာအောင် ပြုလုပ်ပေးချင်တာရယ်…ခက်ခဲနေတဲ့ စစ်ရှောင်အခြေအနေကို သိရှိပြီး ပိုမိုကူညီနိုင်အောင်ရယ် သွားလုပ်ဖြစ်တာပါ။ခုလို ကိုဗစ်နဲ့စစ်အာဏာသိမ်းမှုကြား ဖြစ်လာတဲ့ ပြဿနာကြောင့် တော်တော်လေးကို ခက်ခဲကြတယ်။ သူတို့ဘဝတွေကြည့်ပြီး မငိုမိအောင်ထိန်းထားရတယ်။ ကျနော်တို့ လူငယ်တွေ တက်နိုင်သမျှ ပြည်တွင်းပြည်ပ အလှူရှင်များနဲ့ ပူးပေါင်းကူညီနိုင်ဖို့ ကြိုးစားသွားပါမယ်”ဟု ပါ၀င်သူတစ်ဦးက ပြောသည်။
ဝိုင်းမော်မြို့ လူငယ်များမှ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ပုံစံ အမျိုးမျိုးဖြင့် ထုတ်ဖော်လျက်ရှိသည်။







