မေ၊၂၄
ကချင်ပြည်နယ်မှာ စပြီးပြုလုပ်ခဲ့တဲ့ အာရက္ခတပ်တော် (AA) ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်းကို ရခိုင်ပြည်မှာလည်း ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်နိုင်ခဲ့ပြီလို့ AA က ဒီနေ့ အသိပေးထုတ်ပြန်လိုက်ပါတယ်။
AA ရဲ့ အရာရှိသင်တန်း အပတ်စဉ် ၁ ကိုတော့ ကချင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အပတ်စဉ် ၂ ကိုလည်း ကချင်ပြည်နယ်မှာပဲ ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ အပတ်စဉ် ၃ ကိုတော့ ရခိုင်ပြည်နယ်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ၁ နှစ်နဲ့ ၇ လနီးပါးအကြာ မေလ ၂၀ ရက်နေ့မှာ အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားပြီလို့ AA က ထုတ်ပြန်ထားပါတယ်။
အဲဒီသင်တန်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ သင်တန်းသား၊ သင်တန်းသူ ၃၂၆ ယောက်နဲ့ စဖွင့်ခဲ့တာဖြစ်ပြီး ၂၀၂၃ နှစ်လယ်မှာတော့ အရာရှိလောင်းအဖြစ် အသိအမှတ်ပြုတဲ့ အခမ်းအနားကို ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နောက်ထပ် ၁၁ လအကြာ အခုနှစ် မေလမှာမှ သင်တန်းဆင်းပွဲပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး သင်တန်းကို တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနဲ့ မိုခါမုန်တိုင်းကြားကနေ ပြုလုပ်နိုင်ခဲ့ရတာလို့ ဆိုပါတယ်။
အမှတ်စဉ် ၄ ကိုလည်း လာမယ့်ကာလတွေမှာ ဖွင့်လှစ်ဖို့ လျားထားပြီး ဖွင့်မယ့်အချိန်ကို ရခိုင်ပြည်သူတွေဆီ ထပ်အသိပေးသွားမယ်လို့ AA က ကြေညာထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ဗိုလ်သင်တန်းကျောင်းကို ၂၀၁၃ ခုနှစ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တုန်းကလည်း သေဆုံးခဲ့သူတွေထဲမှာ AA ရဲ့ ဗိုလ်လောင်း ၈ ယောက် ပါဝင်ခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ AA ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ လူငယ်တွေဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို သူတို့နယ်မြေထဲမှာ လက်ခံထားသလို သင်တန်းတွေပေးပြီးတော့လည်း ကူညီပေးမှုတွေ လုပ်ဆောင်နေပါတယ်။
ဓါတ်ပုံ – AA Info Desk