ကချင် လုံ/နယ်ဝန်ကြီးအသစ် အစားထိုးခန့်အပ်

855
ဗိုလ်မှူးကြီး ကျော်လင်းအောင်

သြဂုတ် ၂၅၊ မြစ်ကြီးနား

သြဂုတ်လ (၂၅)ရက်နေ့ကကျင်းပခဲ့သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ကျင်းပခဲ့ပြီး နယ်လုံဝန်ကြီးအသစ် အစားထိုး ခန့်အပ်ခြင်း ပြုလုပ်ခဲ့သည်။

ယခင် ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီး နေလင်းထွန်းကို မူလ စစ်ဖက်တာဝန် ထမ်းဆောင်စေခဲ့ပြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်ကို အစားထိုး ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ကျင်းပသည့် ပထမနေ့ ပုံမှန် အစည်းအဝေးတွင်အစားထိုး ခန့်အပ်ထားသော လုံ/နယ်ဝန်ကြီးသစ် ဗိုလ်မှူးကြီး ကျော်လင်းအောင်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ယခုကဲ့သို့ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲခန့်အပ်ခြင်းကို ၂၀၁၅ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသက်တမ်းအတွင်း(၂)ကြိမ်မြောက် ပြောင်းလဲခန့်အပ်ခြင်းလည်း ဖြစ်သည်။
Rosan

LEAVE A REPLY

Please enter your comment!
Please enter your name here