ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးဇုန်ကို လျာထားဘတ်ဂျတ် ဒေါ်လာ ၂၂ ဒဿမ ၄ သန်းဖြင့်၂၀၂၅ ခုနှစ်အပြီး တည်ဆောက်မည်ဟုဆို

569

မေ၊၁၅

ကချင်ပြည်နယ်၊ ကန်ပိုင်တီမြို့မှာ နယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေးဇုန်ကို လျာထားဘတ်ဂျတ် ဒေါ်လာ ၂၂ ဒဿမ ၄ သန်းနဲ့ ၂၀၂၅ ခုနှစ်အပြီး တည်ဆောက်နိုင်အောင် ပြင်ဆင်နေတယ်လို့ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့က သိရပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကောင်မရှင် (MIC)က ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အချိန်ကြန့်ကြာတာမျိုး ရှိနေတယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်၊ ဝန်ကြီးချုပ်ဦးခက်ထိန်းနန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒီ MIC ကနေခွင့်ပြုထားတာ ၂၀၂၅ အထိဟုတ်တယ်။ ၂ နှစ်ပဲလိုတော့တယ်။ တကယ်လို့ အဲဒီနှစ်နှစ်မပြီးရင်တော့ ပြန်ပြီးတော့ ထပ်တိုးဖို့ခွင့်ပြုချက်တော့ ပြန်တောင်းရမှာပေါ့။” လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

ကန်ပိုင်တီမြို့ဟာ တောင်တွေပေါတဲ့ဒေသအတွက် လတ်တလောမှာက မြေညှိတာတွေ ပြုလုပ်နေတာ ပြီးသလောက် ရှိပြီလို့လည်း ဆိုပါတယ်။

အဲဒီနေရာမှာ ကုန်တင်ကုန်ချလုပ်မယ့်နေရာတွေ ကုန်ပစ္စည်းတွေ သိုလှောင်မယ့်နေရာတွေ၊ ကားသမားတွေနဲ့ ကုန်သည်တွေ တည်းခိုဖို့နေရာတွေနဲ့ အခြားယာဉ်ရပ်နားစခန်းတွေကို လုပ်ဆောင်နေပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံသားတိုင်း ဘယ်သူမဆိုလာရောက်ပြီး စိုက်ပျိုးသီးနှံတွေနဲ့ ကုန်ပစ္စည်းတွေကို လာရောက် ရောင်းဝယ်နိုင်မှာဖြစ်တယ်လို့လည်း ဦးခက်ထိန်နန်က ပြောပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here