တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် ပြည်နယ်တရားသူကြီးချုပ်နှင့် မိုးညှင်းရှေ့နေများ ပထမအကြိမ် တွေ့ဆုံ

1496
မိုးညင္းတရားသူႀကီး

မိုးးညှင်း၊ ဇွန် ၁၅

ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲ ရေး မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရေးအတွက် မိုးညှင်းမြို့ရှိ ရှေ့နေများနှင့် ဇွန်လ ၁၅ ရက်က ပ ထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြောင်းသိရသည်။

တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လက်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်က အ ကောင်အထည်ဖော်ဆောင်ရွက်နေသော ၂၀၁၈-၂၀၂၂ ခုနှစ် တရားစီရင်ရေးမဏ္ဍိုင် မဟာဗျူဟာစီမံကိန်း အကြောင်းကို ရှေ့နေများနှင့် ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“တရားစီရင်ရေးမဏ္ဍိုင် မဟာဗျူဟာစီမံကိန်းအတွက် ရှေ့နေကြီးများရဲ့ အခန်းဂဏ္ဍသည် အလွန် အရေး ကြီးပါတယ်။ ရှေ့နေကြီးများက တရားရုံးအရာရှိများဖြစ်သည့် အားလျော်စွာ တရားရုံးများရဲ့ မှုခင်း စီမံခန့်ခွဲမှုဆော င်ရွက်တဲ့နေရာမှာ ပြည်သူအများယုံကြည်အားကိုးတဲ့ တရားစီရင်ရေးစနစ် ဖြစ်ထွန်းဖို့ တရား ရုံးတစ်ခုတည်းက ကြိုးပမ်းဆောင်ရွက်လို့ မရနိုင်ပါဘူး။ ရှေ့နေကြီးများကလည်း တရားရုံးရဲ့ အရာရှိကြီးများ ဖြစ်လို့ ဉာဏစွမ်းအားရှင် ဖြစ်ကြတဲ့အတွက် တရားစီရင်ရေးအောင်မြင်ရေးကို စိတ်ရင်းကောင်း စေတနာ ကောင်းဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါ။”ဟု တရားသူကြီးချုပ်က ပြောကြားသည်။

အဆိုပါ ငါးနှစ်တာ မဟာဗျူဟာစီမံကိန်းအတွက် မြစ်ကြီးနားခရိုင် တရားရုံး၊ မြစ်ကြီးနားမြို့နယ်တရားရုံး၊ ဝိုင်းမော်မြို့နယ်တရားရုံးတို့တွင် ယခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစတင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကာ ကျန်တရားရုံးများကို လာမည့်နှစ်များတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

“တရားစီရင်ရေးမဏ္ဍိုင် မဟာဗျူဟာစီမံကိန်းရဲ့ ရည်ရွယ်ချက်ဟာ လူတိုင်းကို အရည်အသွေးမြှင့်ပြီး တ ရားမျှတမှုကို ဖြည့်ဆည်းပေးရန်နှင့် တရားရုံးများအပေါ်မှာ ပြည်သူလူထုရဲ့စိတ်ချယုံကြည်မှုနဲ့ ထိရောက်မှုရှိတဲ့ တ ရားဥပဒေစိုးမိုးရေးကို မြှင့်တင်ဖို့ပဲဖြစ်ပါတယ်။”ဟု တရားသူကြီးချုပ် ဦးတူးဂျာကပြောသည်။

မဟာဗျူဟာစီမံကိန်းတွင် ရှေ့နေများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ တရားသူကြီး၊ ဥပဒေ၊ ရှေ့နေနှင့် ရဲတို့၏ အခန်းကဏ္ဍများသည်လည်း အရေးကြီးလာကြောင်း၊ ပွင့်လင်းမြင်သာ ပြောင်းလဲလာ သော ခေတ်အခြေအနေအရ ပြည်သူများက အမှု အမြန်ပြီးစေလိုကြကြောင်း၊ တရားရုံးချုပ်အနေဖြ င့်လည်း တရားရုံးအသုံးပြုသူများနှင့်ပတ်သက်သည့် စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ တရားသူကြီးများကိုလည်း မွမ်းမံသင်တန်းများပို့ချပေးနေကြောင်း ကချင်ပြည်နယ် တရားလွှတ်တော် တရားရေးဦးစီးမှူး ဦးတူးမော်က ပြောသည်။

” ကြန့်ကြာမှုတွေ မရှိစေချင်တော့ဘူး။ ပြည်သူတွေကလည်း ပြောလာကြပြီ။ တရားရုံးချုပ်ကလည်း “တ ရားရုံးအသုံးပြုသူများရဲ့ကျေနပ်မှု” ဆိုတဲ့စာတမ်းအရ တရားရုံးကိုပြည်သူတွေဘယ်လောက်ယုံကြည်တယ်ဆိုတာ စစ်တမ်းကောက်ပါတော့မယ်။ ကိန်းဂဏန်းနဲ့ကမ္ဘာကြီးကိုဖော်ပြပါတော့မယ်၊ ဒါကြောင့်ပွင့်လင်းမြင်သာစွာ ပြည်သူ လူထုယုံကြည်မှုရှိတဲ့ တရားစီရင်ရေးတွေဖြစ်လာအောင် ဆက်လက်ဆောင်ရွက်ကြပါမယ်။ ယိမ်းယိုင်နေ တဲ့ တရားစီရင်ရေးဆိုတာ တရားသူကြီးပဲ မဟုတ်ဘူး။ ရှေ့နေတွေလည်းပါတယ်၊ အားလုံးပါတယ်။ အပြန် အလှန်လေးစားမှုနဲ့သွားရင် မအောင်မြင်စရာမရှိပါဘူး။” ဟု ဦးတူးမော်ကပြောကြားသည်။

၂၀၁၅ ခုနှစ်က ပြည်သူလူထု၏ တရားရုံးအပေါ် ယုံကြည်မှုစစ်တမ်းကို တရားရုံးချုပ်မှ ကောက်ခံခဲ့ရာ ထိုနှစ်က တရားရုံးများ၏ လုပ်ဆောင်ချက်အပေါ် ကျေနပ်သူ ၆၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၈၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း မိုးညှင်းခရိုင်တရားရုံးမှသိရသည်။

ထွန်းထွန်း(မိုးညှင်း)

LEAVE A REPLY

Please enter your comment!
Please enter your name here