ျမစ်ကြီးနား၊ မေ ၅ ရက်
မြန်မာ့တပ်မတော်နဲ့ကေအိုင်အေတို့ တိုက်ပွဲတွေကြားပိတ်မိနေတဲ့ ဖားကန့်မြို့နယ်၊ ကားမိုင်းဒေသကရွာသားတွေကို ကယ်ထုတ်ဖို့ သွားရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ရွာသားတွေဆီမရောက်ဘဲ လမ်းတစ်ဝက်ကနေ သူတို့ပြန်လှည့်ခဲ့ရတာနဲ့ပတ်သက်ပြီး မြစ်ကြီးနား မနောင်ကွင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။






