တိုင်းနှင့်ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းဆုများရရှိ

1424

မြစ်ကြီးနား၊ နိုဝင်ဘာ ၇

တိုင်းဒေသကြီးနဲ့ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ကချင်ပြည်နယ်အေရိုးဗစ်အသင်းက ပထမဆု ၂ ဆု နှင့် ဒုတိယဆု သုံးဆုရရှိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဒေါ်ဘက်တီဆိုင်းဆန့်ထံမှသိရသည်။

ထိုပြိုင်ပွဲတွင် အကြီးတန်း(၉)ယောက်တွဲ-ပထမဆု၊ အငယ်တန်း(၉)ယောက်တွဲ-ပထမဆု၊
(၃)ယောက်တွဲ -ဒုတိယဆု၊ (၁)ဦးချင်းစိတ်ကြိုက်ပြိုင်ပွဲ-ဒုတိယဆုနှင့် Fitness Dance -ဒုတိယဆုများအပြင် တံခွန်စိုက်ဒုတိယဆုလည်းရရှိခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင်ကျင်းပခဲ့ရာ အုပ်ချုပ်သူအဖြစ် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထူး၊ ပြည်နယ်နည်းပြ ဒေါ်သူဇာဆန်း၊ မြို့နယ် အားကာမှူး ဒေါ်ဘက်တီဆိုင်းဆန့်၊ ပြည်နယ်ဒိုင်အဖြစ် ဒေါ်ရတနာဝင်းဝင်းတို့ကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
(ZNO)

LEAVE A REPLY

Please enter your comment!
Please enter your name here