ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများအတွက် အင်းတော်ကြီးဘုရားတွင် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့

1488

မိုးညှင်း၊မတ်(၆)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးရွှေမဥ္ဇူရေလယ်ဘုရားတွင် မြန်မာ့ဒီမိုကရေစီအရေးအခင်းတွင် ကျဆုံးခဲ့ရသည့် သူရဲကောင်းများအားရည်စူး၍ မိုးညှင်းမြို့နယ်ရှိဘာသာပေါင်းစုံပါဝင်သည့် လူငယ်များက ဝတ်ပြုဆုတောင်းပွဲကို မတ်(၆)ရက်မနက်ပိုင်းက ပြုလုပ်ပေးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ၂၀၂၁ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း ကျဆုံးခဲ့သောနိုင်ငံအဝှမ်းမှဒီမိုကရေစီသူရဲကောင်းအပေါင်းတို့ကို မိုးညှင်းမြို့နယ်ရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် အင်းတော်ကြီး ရွှေမဥ္ဇူရေလယ်ဘုရားတွင် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းဆုတောင်းပွဲကို မိုးညှင်းမြို့နယ်လုံးဆိုင်ရာလူငယ် သပိတ်စစ်ကြောင်းအဖွဲ့နှင့် ရှမ်းနီလူငယ်အဖွဲ့အ
စည်းများ ကချင်လူငယ်များ မိုးညှင်းမြို့နယ်ရှိကျောင်းသားသမဂ္ဂအဖွဲ့တို့က စုပေါင်းပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here