နမ်ဆန်ယန်ကျေးရွာအတွင်း စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ဒေသခံများ စိုးရိမ်နေ

1228
နမ်ဆန်ယန်ကျေးရွာ

ဧပြီ၊၄

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့များ ခြေလျင်ဖြင့် ယနေ့မနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာ‌ သောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေကြ‌ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့်ကျေးရွာအတွင်း ဝင်ရောက်လာပြီး လမ်းမပေါ်တွင် နေရာယူထားကြောင်း ဒေသခံများက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” ဒီမနက်အစောကြီး စစ်တပ်တွေ ခြေလျင်နဲ့ရောက်လာခဲ့ကြတာ။ အင်အားတော်တော်များတယ်။ရွာထဲမှာနေရာအနှ့ံပဲ။ ဟိုမှာတစ်စု၊ ဒီမှာတစ်စုနဲ့ နေနေကြတာ။ ရွာထဲမှာပဲစခန်းချမှာလား။ ဖြတ်သွားမှာလားတော့မသိဘူး။ကျွန်တော်တို့လဲကြောက်လို့ အိမ်ပြင်တောင်မထွက်ရဲဘူး။ တချို့ဆို ဆိုင်တွေတောင် မဖွင့်ရဲကြဘူး “ ဟုဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

နမ်ဆန်ယန်ကျေးရွာအဝင်

နမ်ဆန်ယန်​ကျေးရွာအနီးဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းများရှိ သောကြောင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

နမ်ဆန်ယန်ကျေးရွာသည် မြစ်ကြီးနား- ဗန်းမော်ကားလမ်း၊ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးတွင် တည်ရှိသော ကျေးရွာ ဖြစ်ပြီး ၊၂၀၁၁ခုနှစ် KIA နှင့် စစ်ကောင်စီတို့ တစ်ကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကျေးရွာလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here