ဇွန် ၂၃
ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှ covid-19 ရောဂါပိုးတွေ့ လူနာအမှတ်(၂၄၉)နှင့် ထိတွေ့သူ (၁၆၅)ဦး၏ ဓာတ်ခွဲနမူနာတွင် ပိုးမတွေ့ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇွန်လ (၂၃)ရက်ထုတ်ပြန်ချက်အရ သိရသည်။
လူနာအမှတ် (၂၄၉)နှင့် ထိစပ်မှုရှိသူ (၂၂၆)ဦး၏ နှာခေါင်းတို့ဖတ်နမူနာများကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ပေးပို့စစ်ဆေးခဲ့ရာ (၁၆၅)ဦးတွင် ပိုးမတွေ့အဖြေရရှိခဲ့ပြီး ကျန်(၆၁) ဦး၏ ဓာတ်ခွဲနမူနာအဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
လူနာအမှတ် (၂၄၉)နှင့် တိုက်ရိုက်ထိတွေ့သူများနှင့် တစ်ဆင့်ခံထိတွေ့မှုရှိသူများကို (၂၁)ရက် အသွားအလာ ကန့်သတ်ထားကြောင်း ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ အတွင်းရေးမှူးရုံးမှ သိရသည်။
အဆိုပါ လူနာအမှတ် (၂၄၉)သည် လွယ်ဂျယ်မြို့၊ဝိန်းခမ်းကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေး ဌာနမှ တာဝန်ခံ သားဖွားဆရာမဖြစ်ပြီး၊ မေလ (၂)ရက်မှ ဇွန်လ (၈)ရက်နေ့အထိ လွယ်ဂျယ်ဂိတ်တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးသည့် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဂျာဒွဲ







