ဖားကန့်မှာ အမည်မသိအလောင်းနှစ်လောင်း တွေ့ရှိ

137

 

 

ဧပြီ၊၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊နမ့်မှော်ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က အမည်မသိ အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နမ့်မှော်ကျေးရွာ၊ ရပ်ကွက်(၇)မှာ ပုပ်ပွနေတဲ့ အမည်မသိ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးတဲ့ဖြစ်စဉ်ကိုတော့ သေချာမသိဘူးလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

သူ့ပုံစံကိုကြည့်ရင် ရေနစ်သေတာလား ဘယ်လိုလဲ အတိအကျတော့မသိဘူး လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အဲဒီသေဆုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးရဲ့ အလောင်းဟာ တစ်လကျော်လောက်ရှိနေပြီလို့ ခန့်မှန်းရကြောင်းလည်း ဆိုပါတယ်။

နမ့်မှော်ကျေးရွာ ရပ်ကွက်(၇) က အမှိုက်ပုံဟောင်းမှာ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့တယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ဖားကန့်မြို့နယ် ၊မမုံစံပြကျေးရွာမှာလည်း လည်ပင်းလှီးအသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၆ ရက်နေ့ကလည်း မမုံစံပြကျေးရွာမှာပဲ ရေမဆေးအမျိုးသားတစ်ဦး လည်ပင်းလှီး အသတ်ခံထားရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here