ဧပြီ၊ ၁၃
ဖားကန့်မြို့၊ အေးမြသာယာစုပေါင်းသပိတ်စစ်ကြောင်းအနေဖြင့် ယနေ့ဧပြီလ (၁၃)ရက်နေ့တွင် မမုံ/ဖားပြင်ကျေးရွာများ၌ စစ်အာဏာရှင်ဆန့်ကျင်ရေး စီတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။


ယနေ့မမုံကျေးတွင်း အေးမြသာယာစုပေါင်းစစ်ကြောင်းစီတန်းလှည့်လည်နေစဉ် အေးမြသာယာလမ်းဆုံမြို့ပေါ်ရပ်ကွက်အဝင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အပစ်အခတ်များဖြစ်ခဲ့မှုကြောင့် အခင်းဖြစ်သည့် နေရာနှင့် (၃)မိုင်ခန့်အကွာအဝေးရှိသော်လည်း သပိတ်စစ်ကြောင်း အန္တာရယ်ကင်းစေရန် လူစုခွဲကာ ဘေးကင်းအောင်ဆောင်ရွက်ခဲ့ရကြောင်း လည်း သိရသည်။
ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်တွင် ယနေ့ နံနက် (၁၁) နာရီခန့်က လုံခြုံရေးယာဉ်တန်း မိုင်းခွဲခံခဲ့ရကြောင်းလည်း သိရသည်။







