မေ၊၁
ယနေ့နံနက် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက် ဈေးတွင်’လိုသူယူ ပိုသူလှူ’ပြုလုပ်နေသည့် လူငယ်(၁၁)ဦးဝန်းကျင်ခန့်ကို စစ်သားနှင့် ရဲများမှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်သားနှင့် ရဲများမှ အဆိုပါ လူငယ်များကို သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဒီမနက် (၇)နာရီလောက်မှာ ဟုတ်တယ်။ သူတို့ကို ခေါ်သွားတော့ သေနတ်နဲ့ ထောက်ပြီး ဖမ်းသွားတာ ဟုတ်တယ်။”ဟု ၎င်း ကဆိုသည်။
လက်ရှိ ဖမ်းဆီးခေါ်ဆောင်သွားသူများ လွတ်မြော က်ရေးအတွက် ငြိမ်းချမ်းရေး၊ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)ထံ အကူအညီ တောင်းခံထားကြောင်းလည်း သိရသည်။







