ရက္ခိုင့်တပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

4514
ရက္ခိုင့်တပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်

အစိုးရအနေနဲ့ မြောက်ပိုင်းခုနှစ်ဖွဲ့ကို သုံးဖွဲ့လေးဖွဲ့ခွဲပြီးတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရတယ်။ အဲဒီအပေါ်ဘယ်လိုမြင်ပါသလဲ။
ဒါကတော့ အစိုးရရဲ့သဘောပေါ့ သူတို့ဘက်က ရောင်စဉ်ပေါ့။ ရောင်းသူဝယ်သူလိုပြောရမယ်ဆိုရင် ကျွန်တော်တို့ကတော့ ခုချိန်ထိ FPNCC အတိုင်းပဲတက်တယ်၊ ဘာပဲဖြစ်ဖြစ် တွေ့ဆုံတဲ့ဟာကတော့ တစ်ဖွဲ့ချင်းအနေနဲ့ရောၤဏဃြဃ အနေနဲ့ရော ကောင်းတယ်လို့ မြင်ပါတယ်။

ရှေ့လာမယ့်ရက်တွေမှာ အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လုပ်မယ်လို့သိရတယ်။ ဒါရော ဖြစ်လာနိုင်မလား။
လက်ရှိအချိန်မှာတော့ပြောဖို့စောသေးတယ် ခုက ပင်လုံညီလာခံလည်းမပြီးသေးဘူး ကျွန်တော်တို့က လေးရက်မြောက်နေ့မှာပဲ ပြန်သွားတယ် နောက်နှစ်ရက်မှာဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့မသိနိုင်သေးဘူး။ ပြီးရင် အစည်းအဝေးပြီးတဲ့နောက်ပိုင်းမှာ အစိုးရဘက်က သဘောထား သူတို့ရဲ့ကျွန်တော်တို့အပေါ် ကမ်းလှမ်းမှုတွေ အနေအထားတွေဘယ်လိုရှိမလဲမသိသေးဘူး၊ ကျွန်တော်တို့လည်း ဒီကပြန်သွားရင် မိခင်အဖွဲ့အစည်းကိုတင်ပြရမှာရှိမယ် FPNCC ရဲ့ အစုအဖွဲ့တွေနဲ့ ညီလာခံကနေရ လာတဲ့ အကျိုးကျေးဇူးတွေ ရလဒ်တွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ရှိသေးတယ်ဆိုတော့ နည်းနည်းပြောဖို့စောပါသေးတယ်။

ငြိမ်းချမ်းရေးကို မျှော်လင့်နေတဲ့ ပြည်သူလူထုတွေအတွက် ဘာများပြောချင်ပါသလဲ၊ ရခိုင်လူထုကိုရော ဘာများ သတင်းစကားပါးချင်လဲခင်ဗျား။
ရခိုင်လူထုအနေနဲ့ပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးက မည်သူမဆို ဒီငြိမ်းချမ်းရေးကိုလိုချင်တယ် ကျွန်တော်တို့ကိုယ်တိုင်လည်းပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ငြိမ်သွားလာတာကို မျှော်လင့်တယ် ငြိမ်းချမ်းရေးကို နောက်ထပ်တစ်ဆင့် တခြားရှုတောင့်ကနေကြည့်မယ်ဆိုရင် ကျွန်တော်တို့က ဘယ်အချိန်ကျမှ ငြိမ်းချမ်းမလဲဆိုရင် မိမိလူမျိုးရဲ့အခွင့်အရေးကို မိမိရရှိမှသာလျှင် ငြိမ်းချမ်းနိုင်မယ်၊ ဥပမာအနေနဲ့ သူများတွေတန်းတူရနေတဲ့အချိန်မှာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ တန်းတူမရနေဘူးဆိုရင် ဒါကတော့ ငြိမ်းချမ်းတယ်ဆိုပေမယ့် အပြည့်အဝငြိမ်းချမ်းတယ်လို့ ပြောလို့မရနိုင်ပါဘူး၊ ရခိုင်လူထုကိုပြောလိုတာက ရခိုင်လူမျိုးရဲ့ တန်းတူအခွင့်အရေး ကိုယ်ပိုင်အခွင့်အရေးအတွက် ULA အနေနဲ့ အများကြီကျိုုးစားနေတယ်။

ဒီတတိယအကြိမ် ပင်လုံညီလာခံအစည်းအဝေးကနေ ဘယ်လိုရလဒ်တွေများ သယ်ဆောင်သွားခဲ့လဲဗျ။
ညီလာခံက သယ်ဆောင်သွားတာကတော့ စာအုပ်တွေလက်ဖက်တွေပေါ့ (ရယ်လျက်) ဒါကတော့ ရီစရာပြောတာပါ၊ ယူဆောင်နိုင်ခဲ့တာကတော့ အစကတော့ ထိတွေ့မှုမရှိခဲ့ဘူး။ နောက်ပြီးတော့ ထိတွေ့ဆက်ဆံမှုရလာတဲ့အခါကြတော့ ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်တွေ အများကြီးရှိပါတယ်။ ထိတွေ့မှုရလာတဲ့အနေအထားနဲ့ပဲ ကျွန်တော်တို့ထိုင်မနေဘူး။ ဒီလိုပဲ နေမနေပါဘူး ကျွန်တော်တို့ FPNCC အဖွဲ့အစည်း၊ မိခင်အဖွဲ့အစည်း၊ ကျွန်တော်တို့ လူမျိုးအတွက် အကောင်းဆုံးဖြစ်သွားအောင် သယ်ဆောင်သွားမယ်လို့ပြောလိုပါတယ်။

ဒီလို မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကို သုံးဖွဲ့လေးဖွဲ့ခွဲပြီး တွေ့ဆုံတဲ့အပေါ်မှာကော် ဘာများ မှတ်ချက်ပေးချင်လဲဗျ။
သုံးဖွဲ့လေးဖွဲ့ ခွဲပြီးတွေ့တာက သူတို့ရဲ့ပညတ်ချက်ရသအမြင် ကျွန်တော်တို့အမြင်မှာကြတော့ ဘာလဲဆိုရင် ကျွန်တော်တို့က FPNCC မူကိုကိုင်ထားတယ် ဒီနေ့အချိန်ထိလဲဘယ်အဖွဲ့မှ FPNCC မူကိုကျော်ပြီး ပြောတာမရှိဘူး။ တစ်ဖွဲ့တွေ့ရင်လည်း ဒီအတိုင်းပဲ နှစ်ဖွဲ့သုံးဖွဲ့တွေ့ရင်လည်း ဒီအတိုင်းပါပဲ။ သူများအမြင်မှာတော့ ခွဲပြီးတွေ့တယ်လို့ အမြင်သက်ရောက်နိုင်ပေမယ့်လည်း ကျွန်တော်တို့ကကြားမှာ နားလည်မှုရှိတယ်။ FPNCC အချင်းချင်း နားလည်မှုရှိတယ် တစ်ဖွဲ့တည်းသွားရင်လည်း မိခင် FPNCC ကိုတင်ပြရမယ် အဖွဲ့ဘယ်လောက်နဲ့တွေ့တွေ့ FPNCC ကိုပြန်တင်ပြရမယ်ဆိုတော့ ဘယ်လိုပဲ ခွဲတွေ့တွေ့ ကျွန်တော်တို့အတွက်တော့ သိပ်ပြဿနာမရှိဘူး။ အဖွဲ့အစည်းအချင်းချင်းကြားမှာ ယုံကြည်မှု၊ နားလည်မှုရှိတယ်။ လူတွေက အဲ့လိုခွဲပြီးသွားရင် ခွဲထွက်သွားပြီလား၊ ကွဲပြီလားဆိုတဲ့ အမြင်တွေဖြစ်ကြတယ်။ ဒါပေမယ့် FPNCC မှုက ရှိပြီးသားဆိုတော့ ပြဿနာမရှိပါဘူး။

တရုတ်သံအမတ်ကြီး ဟုန်လျန်ကို ဆရာအနေနဲ့ လက်ဆောင်ပစ္စည်းပေးခဲ့တယ်လို့ သိရတယ်။ ဘာများပေးခဲ့လဲ။ ပြီးတော့ ဘာတွေပြောဖြစ်ခဲ့ကြသေးလဲ ခင်ဗျ။
ကျွန်တော်တို့ အနေနဲ့ တရုတ်သံအမတ်ကြီးကို ကျွန်တော်တို့ ULA ရဲ့အမှတ်တံဆိပ်ကို လက်ဆောင်ပေးခဲ့တာပါ။ အဓိကပြောခဲ့တာ ကျွန်တော်တို့ကို ဒီလိုဖြစ်လာဖို့အတွက်တရုတ်ရဲ့ ကူညီမှုအများကြီးဖြစ်တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အမှတ်တံဆိပ်လေး ပစ္စည်းကသေးပေမယ့် ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ကိုယ်စားပေးခဲ့တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here