လူနာအမှတ်-(၂၄၉)နဲ့ နီးစပ်ခဲ့သည့် ကေအိုင်အိုထိန်းချုပ်နယ်မြေမှ(၃၈)ဦး၏ ဓာတ်ခွဲအဖြေNegativeထွက်

792

ဇွန်လ ၂၀

ကချင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာအမှတ်-(၂၄၉)နှင့် နီးစပ်ခဲ့သည့် ကေအိုင်အို ထိန်းချုပ်နယ်မြေမှ ပြည်သူ (၃၈) ဦး၏ဓာတ်ခွဲစစ်ဆေးမှု အဖြေ Negative ဖြစ်ခဲ့ကြောင်း သိရသည်။

ပိုးတွေ့ လူနာအမှတ်-(၂၄၉)နှင့် နီးစပ်ခဲ့သည့် ကေအိုင်အို အရှေ့ပိုင်းတိုင်းဌာနထိန်းချုပ်နယ်မြေ ဗန်းမော်ခရိုင်ဒေသက ပြည်သူ (၃၁)ဦးနှင့်အတူ ကျန်ဒေသမှ (၇)ဦးတို့၏ နှာခေါင်းတို့ဖတ်နမူနာကို ဇွန်လ(၁၅)ရက်နေ့က ဓါတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဇွန်လ (၁၆) ရက်နေ့ ညနေပိုင်းက ပိုးတွေ့လူနာနှင့် နီးစပ်ခဲ့သူများ၏ နှာခေါင်း တို့ဖတ်နမူနာ ဓါတ်ခွဲစစ်ဆေးမှုအဖြေသည် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း ကေအိုင်အို Covid-19 ကာကွယ်နှိမ်နင်းရေး ကော်မတီက အတွင်းရေးမှူး ဦးဟိန်းဝေါမ်က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ ပြည်သူ (၃၈)ဦးကို Nba Pa ကျေးရွာတွင် တစ်ခန်းလျှင် တစ်ဦးနှုန်းဖြင့် Quarantine ထားရှိနေပြီဖြစ်ကြောင်းနှင့် ကေအိုင်အိုထိန်းချုပ်နယ်မြေတွင်Quarantine ဝင်နေသူ စုစုပေါင်း (၂၁၄) ဦး ရှိနေကြောင်း သိရသည်။
မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here