ဝိုင်းမော်ပြည်သူတွေ တိမ်းရှောင်နေရတဲ့ နောင်းချိန်းစစ်ရှောင်စခန်းမှာ အကူအညီများစွာ လိုအပ်နေ

41

 

မေ၊ ၂၃

ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေအများပိုင်း တိမ်းရှောင်နေတဲ့ နောင်းချိန်းကျေးရွာအုပ်စုထဲက စစ်ရှောင်စခန်းမှာ နေအိမ်အဆောင်တန်းလျား၊ ဆေးဝါး၊ ရေနဲ့ အိမ်သာတွေ အရေးကြီးလိုအပ်နေပါတယ်။

လတ်တလောစာရင်းအရ နောင်းချိန်းကျေးရွာက စစ်ရှောင်စခန်းတွေထဲမှာ လာရောက်နေထိုင်နေတဲ့ စစ်ရှောင်အိမ်ထောင်စု ၇၀၀ နဲ့ လူဦးရေ ၂,၀၀၀ ကျော်လောက် ရှိနေပြီဖြစ်ပြီး နေ့စဉ်ဝင်ရောက်လာသူတွေ ရှိနေတဲ့အတွက် မိုးမဝင်ခင် နေစရာအိမ်တန်းလျား အမြန်ရရှိဖို့ လိုအပ်တယ်လို့ နောင်းချိန်း စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

ဆေးဝါးတွေလည်း အရမ်းလိုအပ်နေတယ်။ လူကများလာတော့ ဆေးကမရှိ ဖြစ်နေတယ်။ ပြီးတော့ တဲအိမ်တွေလည်း Urgent (အရေးပေါ်)လိုနေတာ ဟုတ်တယ်။ ကျောင်းက ဖွင့်တော့မယ်(စာသင်ကျောင်းအတွင်း ခိုလှုံနေရခြင်းဖြစ်) ကျွန်တော်တို့က ကျောင်းထဲမှာ လူထပ်ထည့်နေရဆဲပဲ။“လို့ ဆိုပါတယ်။

ပထမဦးစားပေးအနေနဲ့ နေအိမ်အဆောင်တန်းလျားတွေ ဆောက်လုပ်နေဆဲဖြစ်ပေမဲ့ နောက်ထပ် လူ ၁,၀၀၀ လောက်နေနိုင်ဖို့အတွက် ဝါးတွေနဲ့ မိုးကာတွေ ထပ်မံလိုအပ်နေသေးတဲ့အပြင် အိမ်သာတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူ ၂,၀၀၀ ကျော် စားဖို့အတွက် ဆန်နဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေပြီး ထမင်းဟင်းချက်ပြုတ်ရာမှာ ထင်းတွေလည်း အကုန်မြန်တဲ့အတွက် လွှစာမှုန့်နဲ့ ချက်ပြုတ်စားသောက်နိုင်ဖို့ မီးဖိုးနဲ့ လွှစာမှုန့်တွေ အရေးကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းကို လာရောက်ခိုလှုံသူတွေထဲမှာ နာတာရှည်ဖျားနာသူတွေပါသလို စုပြုံပြီးနေရတဲ့အပြင် နေပူဒဏ်ကြောင့် နေမကောင်းဖြစ်သူတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်နေ့က စတင်လိုက်တဲ့ KIA ရဲ့ မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက်က ထိုးစစ်အတွင်းမှာ ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်၊ နမ်ဆန်ယန်၊ အောင်မြေ (၁) ၊ အောင်မြေ (၂)၊ ရွှေညောင်ပင် စတဲ့ကျေးရွာတွေက စစ်ရှောင်ပြည်သူ အယောက် ၁,၀၀၀ လောက် နောင်းချိန်းစစ်ရှောင်စခန်းကို တိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် မတ်လ ၁၈ ရက်နေ့ ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက်ကို KIA က ထပ်မံတိုက်ခိုက်တဲ့အချိန် ဝူယန်၊ လဘန်၊ လမြန်၊ တန်ဘောင်၊ နောင်းဟီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထပ်မံတိမ်းရှောင်လာကြတာဖြစ်ပြီး နောက်ထပ်လည်း တခြားကျေးရွာက စစ်ရှောင်တွေ ထပ်မံရောက်ရှိဖို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန် ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေသာမက မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံတွေအပါ နောင်းချိန်းကျေးရွာအုပ်စုဘက်မှာ သွားရောက်တိမ်းရှောင်နေရတဲ့အပြင် ဂွေထုကျေးရွာဘက်အထိ စစ်ရှောင်တွေ ရောက်ရှိနေကြပြီး အလားတူအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA သိမ်းပိုက်ထားလိုက်ပြီးတော့ ဝိုင်းမော်မြို့တွင်း ရပ်ကွက်တွေအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်သလို စစ်ကောင်စီကနေ လေကြောင်းအပြင် မြစ်ကြီးနား အမြောက်တပ်ကနေပါ တိုက်ပွဲဖြစ်ပွားရာနေရ

 

LEAVE A REPLY

Please enter your comment!
Please enter your name here